ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ယနေ့ မွန်းလွဲ တစ်နာရီဝန်းကျင်ခန့်၌ မြို့မစည်ပင်ဈေးကြီး မီးရှို့ခံခဲ့ရကြောင်း သိရသည်။
ဈေးသည်များက မီးခိုးများကိုမြင်တွေ့သဖြင့် မီးငြှိမ်းသတ်နိုင်ခဲ့သောကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မရှိခဲ့ကြောင်း
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဂျပ်ဖာကို မီးရှို့ပြီး ကြားညှပ်ထားခဲ့တာ။ မီးကစကူးပြီး မီးခိုးထွက်လာတော့ လူတွေမြင်ပြီး ငြှိမ်းလိုက်နိုင်တာ”ဟု ပြောသည်။
မြို့မ စည်ပင်စျေးကြီးကို မီးရှို့သွားသောသူကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ
လက်ရှိအချိန်တွင် အဆိုပါ စျေးအတွင်း ရဲများရောက်ရှိနေကြောင်း သူကဆက်ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယခုလို စျေးမီးရှို့မှုသည် မိုးကောင်း မြို့မစျေးတွင်သာမက မြန်မာနိုင်ငံအနှံ့အပြားတွင်လည်း ဖြစ်ပေါ်နေသည်။
Photo : CJ
သင့်ထင်မြင်ချက်ရေးပေးပါ