စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖျက်ဆီးသွားခဲ့သော လားရှိုးမြို့မှ ဘုရားကျောင်းတံခါးကို ဧပြီလ ၁၆ရက်နေ့က ဝတ်ပြုဆုတောင်းပွဲပြုလုပ်ကာ တံခါးအသစ်ပြန်လည်တပ်ဆင်လိုက်ကြောင်းသိရသည်။
မတ်လ ၁ ရက်နေ့က လားရှိုးမြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ ရှမ်းပြည်ဇုံနယ်အသင်းတော်များအဖွဲ့ ရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဘုရားကျောင်းတံခါးကို ဖျက်ဆီးကာ ဘုရားကျောင်းဝင်းအတွင်းရှိ ပညာရေးတာဝန်ခံ ဦးမောရှေ၊ ဘဏ္ဍာငွေထိန်း ဦးနော်မိုင်၊ လူငယ်တာဝန်ခံ ဦးဇော်ဒွဲအောင် နှင့် ကျောင်းသား ၈ ဦးတို့ကို ဖမ်းဆီးသွားခဲ့သည်။
ထို့သို့ ဖမ်းဆီးသွားခဲ့သော်လည်း မတ်လ ၂ ရက်နေ့က အားလုံးပြန်လည်လွတ်မြောက်လာခဲ့ကြသည်။
Photo Courtesy by KBC Kachin
သင့်ထင်မြင်ချက်ရေးပေးပါ