ကချင်ပြည်နယ်၊ ဟိုပင်မြို့အနီး ကြာကြီးကွင်းကျေးရွာမှ တဝက်ချောင်းတံတားညီနောင်ဟုခေါ်ဆိုသော ကားလမ်းနှင့်ရထားလမ်းတံတားသည် ယမန်နေ့ည ၁၁နာရီခွဲခန့်က မိုင်းခွဲဖျက်စီးခံလိုက်ရကြောင်း ကနဦးသိရသည်။
တံတားညီနောင် မိုင်းခွဲဖျက်စီးခံရပြီးနောက်ပိုင်းတွင် သေနတ်ပစ်ခတ်သံများ ၁နာရီခန့်ကြားရကြောင်း ဒေသခံများက ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နာတွင် ရေးသားထားသည်။
သတင်းအပြည့်အစုံကို မကြာမီ ဆက်လက်တင်ပြသွားမည်။
Photo Courtesy : CJ
သင့်ထင်မြင်ချက်ရေးပေးပါ