ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဓါတ်ဆီစျေး တစ်ဂါလံလျင် တစ်သောင်းခွဲအထိ တစ်ဟုန်ထိုးခုန်တက်နေပြီး လူတစ်ဦးလျှင်တစ်ဂါလံနှုန်းဖြင့်သာ ရောင်းချပေးနေကြောင်း ဖားကန့်ဒေသခံများထံမှသိရသည်။
ဓာတ်ဆီပြတ်လပ်မှုကြောင့် တန်းစီစနစ်ဖြင့်ရောင်းချနေကြောင်း ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“ဓာတ်ဆီက တစ်သောင်းခွဲ၊ နှစ်သောင်းထိ စျေးတက်သွားပြီ၊ 92 ဓါတ်ဆီပဲအဓိကဖြစ်နေတာ၊ 95 ဓါတ်ဆီကမပြတ်ဘူး၊ တစ်ဂါလံပုံးနဲ့ပဲ ထုတ်ရောင်းပေးတော့တယ်၊ တန်းစီရတယ်” ဟု ပြောသည်။
ဓါတ်ဆီဆိုင်အချို့တွင်လည်း 92 နှင့် 95 ဓါတ်ဆီမရှိတော့ကြောင်း စာသားများကပ်ထားသည်ကို တွေ့ရကြောင်း နောက်ထပ် ဒေသခံတစ်ဦးကပြောသည်။
ထို့အပြင် စက်သုံးဆီဆိုင်အငယ်များပိတ်သိမ်းသွားပြီး စက်သုံးဆီပန့်ဆိုင်ကြီးများသာ ရောင်းချပေးနေတော့ကြောင်း သူက ဆက်ပြောသည်။
ယမန်နေ့ကမူ လူတစ်ဦးလျှင် ဓါတ်ဆီ ၃ ဂါလံစီရောင်းပေးခဲ့ပြီး တစ်ဂါလံ ၁သောင်းကျပ်အထိရောက်ရှိသွားခဲ့သည်။
မြန်မာနိုင်ငံ အောက်ပိုင်းတွင် လမ်းများပျက်နေခြင်းနှင့် စစ်ကောင်စီများမှ စက်သုံးဆီယာဥ်များအား ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားခြင်းကြောင့် ဓာတ်ဆီစျေးများ တိုးမြင့်လာရခြင်းဖြစ်ကြောင်း ဓာတ်ဆီဆိုင်ပိုင်ရှင်များနှင့် ဒေသခံများကဆိုသည်။
ဓါတ်ပုံ CJ
သင့်ထင်မြင်ချက်ရေးပေးပါ