ကချင်ပြည်နယ်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်သော မြစ်ကြီးနားသတင်းဂျာနယ် ထုတ်ဝေခွင့်လိုင်စင်ကို
စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက ပိတ်သိမ်းလိုက်ကြောင်း ယနေ့ ထုတ်ပြန်လိုက်သည်။
မြစ်ကြီးနားသတင်းဂျာနယ်က “နှစ်ပေါင်း ၇ နှစ်ကျော် ပရိတ်သတ်များကို သတင်းမှန်တင်ဆက်နေခဲ့သည့်
မြစ်ကြီးနားသတင်းဂျာနယ်၏ သတင်းတင်ဆက်မှုများကို ယနေ့မှစ၍ ရပ်နားလိုက်ပြီ ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
နောင်အခွင့်ကြုံလာပါက ပြည်သူအများအတွက် သတင်းဝန်ဆောင်မှုပေးနိုင်ရန်ပြန်လည်ကြိုးစားသွားမည်ဖြစ်ကြောင်း
ဝန်ခံကတိပြုပါသည်” ဟု ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နာတွင် ရေးသားထားသည်။
မြစ်ကြီးနားသတင်းဂျာနယ်သည် ကချင်ပြည်နယ်၏ ပထမဆုံးသတင်းစာဖြစ်ပြီး ၂၀၁၄ ခုနစ် မတ်လ ၂၉ရက်နေ့က စတင်ထုတ်ဝေခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ