ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ၂မိုင် အောင်သာရပ်ကွက်၌ ရှိသည့် လေယာဉ်ကွင်းအနီးမှ အမြောက်တပ်တွင် ယနေ့ မွန်းလွှဲ ၂ နာရီဝန်းကျင်က လက်နက်ကြီးကျခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ထို အမြောက်တပ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သော်လည်း လူထိခိုက်မှုမရှိဘဲ တပ်အတွင်းမှ စိုက်ခင်းများပျက်စီးခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“လူတွေကတော့ထိခိုက်မှုမရှိဘူး။ တပ်ထဲက စိုက်ခင်းတွေလောက်ဘဲ ပျက်စီးသွားတာ” ဟုပြောသည်။
ယခုချိန်တွင် စစ်သားများအပြည့်သယ်ဆောင်လာသော စစ်ကား ၂စီးသည် ၎င်းအမြောက်တပ်ထဲသို့ ဝင်ရောက်သွားကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။
အမြောက်တပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့သောလက်နက်ကြီးသည် မည်သည့်အရပ်မှ ပစ်ခတ်လိုက်သော လက်နက်ဖြစ်ကြောင်း မသိရှိရသေးပေ။
ယခု ရက်သတ္တပါတ်အတွင်း ဗန်းမော်မြို့တွင်း ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပေါ်နေသည်။
PHOTO – CJ
သင့်ထင်မြင်ချက်ရေးပေးပါ