လုပိကျေးရွာရှိ နယ်ခြားစောင့်တပ်ရင်းဌာနချုပ် (၁၀၀၂) ကို KIA ပူးပေါင်းတပ်က ယမန်နေ့ အောက်တိုဘာ ၁၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။

စခန်းသိမ်းတိုက်ပွဲတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၄ ဦး၏ရုပ်အလောင်း၊ လက်နက်ခဲယမ်းအချို့နှင့် သုံ့ပန်း ၁၅ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းပြည်သူ့စစ်နယ်မြေ ကချင်အထူးဒေသ (၁) ရှိ ချီဖွေမြို့နှင့် ဆော့လော်မြို့တို့ကိုလည်း KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ