နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကချင်လူငယ် နှစ်ဦးဖြစ်သော ဆိုင်းနူးပန်နှင့် လွမ်းဇောင်း တို့နှစ်ဦးသည် ယနေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်က မြစ်ကြီးနားမြို့ ၈မိုင်ကျေးရွာတွင် ဖမ်းဆီးခံရကြောင်းသိရသည်။
ဆိုင်းနူးပန်၏ အဖိုးဖြစ်သူ အသုဘအခမ်းအနားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာကာ ဆိုင်နူးပန်နှင့် လွမ်းဇောင်းတို့နှစ်ဦးကို သေနတ်ထောက်ကာ ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ရှိသူများက The 74 Media ကိုပြောသည်။
လက်ရှိအချိန်တွင် မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိသေးကြောင်း ဆိုသည်။
သင့်ထင်မြင်ချက်ရေးပေးပါ