ကချင်ပြည်နယ်၊ ဟိုပင်မြို့ ဝက်ကုန်းတံတားအကျော်တွင် ယနေ့ည ၈နာရီခွဲခန့်တွင် ပေါက်ကွဲမှုများနှင့် သေနတ်သံများ ဆက်တိုက်ကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ည ၉နာရီကျော်အချိန်အထိ သေနတ်သံများကြားနေရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“၈ နာရီခွဲလောက်က ပေါက်ကွဲသံကြားတာ၊ သေနတ်က ဆယ်ချက်ကျော်တယ်၊ ခုရော ပစ်နေတုန်းပဲ မိုင်းက တစ်လုံးကွဲတယ်၊ အိမ်တောင်တုန်တယ်၊ ဝက်ကုန်းတံတားကျော်လို့ပြောတယ်”ဟုပြောသည်။
ဟိုပင်မြို့နယ်အတွင်း ပေါက်ကွဲသံများနှင့် တံတားများ မိုင်းကွဲမှု မကြာခဏ ဖြစ်ပွားကြောင်းသိရသည်။
Photo Courtesy By CJ
သင့်ထင်မြင်ချက်ရေးပေးပါ