ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာတွင် နေထိုင်သူ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မေလ ၂၆ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဖမ်းဆီးခံရသူမှာ လုံးခင်းကျေးရွာ ဆမ်းမားဟောက်စ် စားသောက်ဆိုင်အနီးတွင် နေထိုင်သော ကိုမျိုးဟုသိရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့် ဖြင့် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ကိုမျိုးနှင့်နီးစပ်သူ တစ်ဦးက The 74 Media ကိုပြောသည်။
“သပိတ်တွေမှာ အမြဲပါလို့ ဆိုပြီး ဖမ်းသွားတာ။ အိမ်မှာဝင်မွှေတာ မတွေ့လို့ လမ်းမှာစောင့်ဖမ်းတာ၊ အခုက ဖားကန့် အချုပ်ခန်းမှာလို့ ကြားတယ် ” ဟုပြောသည်။
ကိုမျိုးသည် ကျောက်အရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးဖြစ်ကြောင်း သူက ပြောသည်။
လုံးခင်းကျေးရွာတွင် မေလ ၂၅ ရက်နေ့ ညနေပိုင်း ညသပိတ်ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် အလွှတ်တန်း သတင်းထောက် ကိုဇော်ဝင်းမောင်အပါအဝင် အမျိုးသမီး ၂ဦး ဖမ်းဆီးခံခဲ့ရသည်။
ဖားကန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သပိတ်စစ်ကြောင်းပြုလုပ်၍ မရအောင် စောင့်ကြည့်မှုများ ပြုလုပ်သည့်အပြင် သပိတ်တွင် ပါဝင်သူများ၏ နေအိမ်တွင် လာရောက် ဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်နေကြောင်းဒေသံများကဆိုသည်။
Photo credit to rightful owner
သင့်ထင်မြင်ချက်ရေးပေးပါ