ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ မူဆယ်မြို့ အမှိုက်နှင့်မိလ္လာသိမ်းဆည်းရေးဝန်ဆောင်မှုလုပ်ငန်းမှ အသက် ၁၈နှစ်အရွယ် မောင်ဖိုးသင်္ကြန်ဖြစ်ကြောင်းသိရသည်။
မောင်ဖိုးသင်္ကြန်သည် ယနေ့ နံနက် ၈နာရီခွဲခန့်က
မူဆယ်မြို့၊ စျေးရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်၌ အမှိုက်သိမ်းလုပ်ငန်းများဆောင်ရွက်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ သေဆုံးသွားခြင်းဖြစ်သည်။
မူဆယ်မြို့ အမှိုက်နှင့်မိလ္လာသိမ်းဆည်းရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သော အမြွှာစက်မှုလုပ်ငန်းကုမ္ပဏီကလည်း မောင်ဖိုးသင်္ကြန် သေဆုံးခဲ့သည့်အတွက်
ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပြီး ၎င်းတို့၏ ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း နှစ်ရက် ရပ်နားသွားမည်ဟုဆိုသည်။
ဗုံးပေါက်ကွဲမှုကြောင့် မောင်ဖိုးသင်္ကြန်အပြင် အခြားတစ်ဦးမှာလည်း ခြေတစ်ဖက်ပြတ်တောက်သွားကြောင်း မူဆယ်မြို့ခံများကပြောသည်။
Photo credit to rightful owner
သင့်ထင်မြင်ချက်ရေးပေးပါ