မြစ်ကြီးနားမြို့၊ အောင်နန်းကက်သလစ်ဘုရားကျောင်းအနီးတစ်ဝိုက်တွင် ယနေ့ မွန်းလွဲ ၃နာရီခန့်မှစတင်ပြီးယခုအချိန်အထိ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များနေရာယူထားကြောင်းသိရသည်။
မတ်လ ၈ရက်နေ့က အဆိုပါ ဘုရားကျောင်းရှေ့လမ်းမကြီးပေါ်တွင် စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း ကျဆုံးသွားခဲ့သော ဦးချိုတားနှင့်ကိုဇင်မင်းထက် တို့နှစ်ဦးအတွက် ယနေ့ ညနေ ၄နာရီတွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲပြုလုပ်ရန် စီစဥ်ထားသော်လည်း စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ နေရာယူထားသောကြောင့် ဆုတောင်းပွဲ ပြုလုပ်နိုင်ခြင်းမရှိခဲ့ပေ။
သင့်ထင်မြင်ချက်ရေးပေးပါ