ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ် မလိခမြစ်နဘေးရှိ ဂွေထောင်ကျေးရွာတွင် မတ်လ ၁၅ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KIA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။
“ညနေလောက်ကတည်းကနေ သေနတ်သံတွေကြားနေရပြီ။ ဒေသခံတွေကတော့ သူတို့ရဲ့ တောင်ယာတွေ၊ ယာခင်းတွေဘက်မှာ ထွက်ပြေးတဲ့သူတွေပြေးနေကြပြီ။” ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။
မြစ်ဆုံအထက်ဘက်တွင်ရှိသော ဂွေထောင်ကျေးရွာတွင် အိမ်ခြေ ၂၈ အိမ်ရှိပြီး ကျေးရွာအနီးတွင် တပ်မတော်စစ်စခန်းရှိကြောင်းသိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ