နိုင်ငံကျော်မိတ်ကပ်ပညာရှင်မေဦးနှင့်သူငယ်ချင်းများမှ စုပေါင်းပြီး မတ်လ ၂၅ရက်နေ့က ကချင်ပြည်နယ်ရှိ စစ်ရှောင်ပြည်သူများအတွက် ဆန်နှင့်ဆေးဝါးများ လှူဒါန်းခဲ့သည်။
ဆန်အိတ် ၅၀နှင့်ဆေးဝါးများကို ဝိုင်းမော်မြို့မ IDP၊ ဝိုင်းမော် Camp 2၊ ဝိုင်းမော် UBC IDP စခန်းများရှိ စုစုပေါင်း ၂၂၃ အိမ်ထောင်စုအား အလှူရှင်များကိုယ်စား Good Servant Charity Group မှ သွားရောက်လှူဒါန်းခဲ့သည်။
တိုင်းရင်းသားများအား လူသားခြင်းစာနာထောက်ထားသောအားဖြင့် ယခုလို လှူဒါန်းရခြင်းဖြစ်ကြောင်း မိတ်ကပ်မေဦးကပြောသည်။
သင့်ထင်မြင်ချက်ရေးပေးပါ