မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာအနီးတွင် ယနေ့ည (၁၀)နာရီခန့်မှစတင်၍ သေနတ်သံများနှင့် ဗုံးပေါက်ကွဲသံများကြားနေရကြောင်း တာလောကြီးဒေသခံများထံမှသိရသည်။
“သေနတ်သံ၊ ဗုံးသံတွေကြားတယ်။ အိမ်ထဲမှာပဲနေတယ်။ တခြားသူတွေ ထွက်ပြေးလားမသိဘူး။ မနက်ဖြန်မှပဲသိမယ်” ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
ထိုကဲ့သို့ သေနတ်သံ၊ ဗုံးသံများသည် ည ၁၁နာရီခန့်တွင် ပြန်ငြိမ်သက်သွားကြောင်း သူက ဆက်ပြောသည်။
တာလောကြီးကျေးရွာသည် ဧရာဝတီမြစ်ဘေးတွင်တည်ရှိသော ကျေးရွာတစ်ခုဖြစ်ပြီး ၂၀၁၄ သန်ခေါင်စာရင်းအရ လူဦးရေ ၆၈၇၉ဦးနေထိုင်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ