The 74 Media

ဖားကန့်တွင် စစ်ကောင်စီစစ်ကြောင်းကို KIA တပ်ဖွဲ့တိုက်ခိုက်၊ တိုက်ပွဲကြောင့် ဒေသခံအချို့ထွက်ပြေးတိမ်းရှောင်

ဖားကန့်မြို့နယ်၊ မှော်ရှန်ကျေးရွာနှင့် မှော်ပုံကျေးရွာကြားတွင် ယနေ့ နံနက် ၇ နာရီခန့်မှစတင်ကာ စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။

ယုဇနကုမ္ပဏီမှ ပြန်လည်သိမ်းယူထားသည့်မြေယာများကို လက်ဝယ်ထားရှိသူများက ပြန်လည်ခွဲဝေပေးရန် ငြင်းဆိုနေသည်ဟု ဒေသခံများပြော

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) က ၂၀၂၁ ခုနှစ်တွင် ယုဇနကုမ္ပဏီထံမှ ပြန်လည်သိမ်းယူခဲ့သည့် တနိုင်းလီဒိုလမ်းမပေါ်ရှိ မြေယာများကို မြေယာလက်ဝယ်ထားရှိသူအချို့က စစ်ရှောင်ပြည်သူများထံခွဲဝေပေးရန် ငြင်းဆိုနေကြောင်း ဒေသခံများထံမှ သိရသည်။

ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ကို လေကြောင်းမှတိုက်ခိုက်သော်လည်း စစ်ကောင်စီတပ်အချင်းချင်း ပြန်ပစ်မိသည်ဟုဆို

စစ်ကောင်စီတပ်နှင့် ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား ယနေ့နံနက်ဆယ်နာရီခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလေကြောင်းမှတိုက်ခိုက်မှုတွင် အချင်းချင်းပစ်ခတ်မိကြောင်း သိရသည်။

သစ်သျှူးငှက်ပျောစိုက်ခင်းများ၏ စွန့်ပစ်ပလတ်စတစ်အမှိုက်များကြောင့် လေထုညစ်ညမ်း၊ အမြန်ဆုံးရှင်းလင်းပေးစေလိုဟု ဒေသခံများဆို

ဝိုင်းမော်မြို့နယ်အတွင်းရှိ သစ်သျှူးငှက်ပျောစိုက်ခင်းများတွင် စွန့်ပစ်ပစ္စည်းများဖြစ်သည့် ဖော့နှင့် ပလတ်စတစ်အမှိုက်များကို အမြန်ဆုံးရှင်းလင်းပေးစေလိုကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီအရာရှိပစ်သတ်ခံရသည့် KTV ရှေ့တွင် အမျိုးသားနှစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆို

စစ်ကောင်စီအရာရှိတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်ရှိ Happy KTV အရှေ့တွင် ယနေ့နံနက် ၄ နာရီခန့်က အမျိုးသားနှစ်ဦး ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။

KTV တွင် လာရောက်ပျော်ပါးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး တပ်ရင်းမှူးအပါအဝင် ငါးဦးသေဆုံး

KTV တစ်ခုတွင် စစ်ကောင်စီအရာရှိတစ်ဦးနှင့် လာရောက်ပျော်ပါးနေသူများ ပစ်ခတ်ခံရမှု ယနေ့နံနက် ၅ နာရီခွဲခန့်ကဖြစ်ပွားခဲ့ပြီး ငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် ပုပ်ပွသေဆုံးနေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

ပုပ်ပွသေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ နံနက် ဆယ်နာရီခန့်က မိုးညှင်းမြို့၊ ရွှေပေါက်ကန်ကျေးရွာတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

အထမ်းခ ဈေးကြီးသောကြောင့် ပန်နန်းဒင်ဒေသခံ ၁၀ နှစ်အောက်ကလေးအချို့ မိဘများနှင့်အတူ ရိက္ခာထမ်းနေရ

မြန်မာပြည်မြောက်ဘက်အစွန်းဆုံးဖြစ်သော ပန်နန်းဒင်မြို့နယ်ခွဲရှိကျေးရွာများတွင် ဆယ်နှစ်အောက်ကလေးအချို့ တစ်ပတ်ခန့် လမ်းလျှောက်ရသောနေရာသို့ မိဘများနှင့်အတူသွားကာ ရိက္ခာထမ်းနေရကြောင်းသိရသည်။

မြစ်ကြီးနားမြို့တွင် တစ်ရက်အတွင်း ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်ပွား

မြစ်ကြီးနားမြို့တွင် ယနေ့တစ်ရက်အတွင်း ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မင်းကင်းတွင် စစ်ကောင်စီပူးပေါင်းတပ်ကို တော်လှန်ရေးအဖွဲ့က သိမ်းပိုက်၊ ရဟတ်ယာဉ်ကွင်းနှစ်ခုကို ဖျက်ဆီး

စစ်ကောင်စီတပ်ပူးပေါင်းတပ်စခန်းတစ်ခုကို မင်းကင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး ရဟတ်ယာဉ်ကွင်းနှစ်ခုကိုလည်း ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ဖားကန့်ကျောက်ဝိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးပစ်ခတ်မှုများ ပြုလုပ်

ဖားကန့်မြို့နယ် လုံးခင်းကျောက်ဝိုင်းအနီးရှိ ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ည ၈ နာရီခန့်က လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး သေနတ်ပစ်ဖောက်သံများလည်းကြားခဲ့ရကြောင်း သိရသည်။

မြစ်ကြီးနား အင်ခိုင်ဘွမ်တောင်တွင် ၈ ရက်ကြာ တောမီးလောင်မှုဖြစ်ပွားနေ

မြစ်ကြီးနားမြို့နယ် အောင်မြင်သာအပန်းဖြေစခန်းအနီးရှိ အင်ခိုင်ဘွမ်တောင်တွင် ၈ ရက်ကြာ တောမီးလောင်မှုဖြစ်ပွားနေပြီး ငြိမ်းသတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။