The 74 Media

ဖားကန့်တွင် စစ်ကောင်စီတပ်က ဒေသခံ ၁၀၀ ကျော်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထား

စစ်ကောင်စီတပ်က ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ မှော်ပုံ(မဒဲယာန်) ကျေးရွာကို ယနေ့ နံနက် ၅ နာရီခန့်က ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားကြောင်းသိရသည်။

ဆွမ်ပရာဘွမ်တွင် သောက်သုံးရေအခက်အခဲကြုံတွေ့နေ၊ ရေလောင်ကန်များရှိသော်လည်း ရေမရှိဟုဆို

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့တွင် သောက်သုံးရေခက်ခဲမှုဖြစ်ပေါ်နေပြီး ရေကို အလှည့်ကျစနစ်ဖြင့် ပေးနေသော်လည်း လုံလောက်မှုမရှိကြောင်း ဒေသခံများထံမှ သိရသည်

ကရင်နီပြည်နယ်တွင် စစ်ကောင်စီ စစ်ကားတစ်စီးတိုက်ခိုက်ခံရသောကြောင့် ၈ ဦးသေဆုံးပြီး တစ်ဦး အရှင်မိ

စစ်ကောင်စီစခန်းအတွက် ရိက္ခာ‌ပေးပို့ရန် ထွက်ခွာလာသော စစ်ကောင်စီ စစ်ကားတစ်စီး ယမန်နေ့ နေ့လယ် တစ်နာရီခန့်က ကရင်နီပြည်နယ် ဒေါညေးခူကျေးရွာနှင့် ဘောလခဲမြို့သွားသည့် ကားလမ်းတစ်နေရာတွင် တိုက်ခိုက်ခံရပြီး ရှစ်ဦးသေဆုံးကာ တစ်ဦး...

စစ်ကောင်စီတပ် ပတ်ဝန်းကျင်တွင် မိုင်းထောင်ထားသောကြောင့် ဒေသခံများ အခက်တွေ့၊ မိုင်းအန္တရာယ်သတိပေးဆိုင်းဘုတ်လည်း ကပ်ထားခြင်းမရှိဟုဆို

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကညှင်မြိုင်ကျေးရွာနှင့် ပြွန်သုံးလုံးကျေးရွာကြားရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၈၃)နှင့် (၃၈၄) တပ်အနီးတွင် မိုင်းထောင်ထားသည့်အတွက် ဒေသခံပြည်သူများ လယ်ယာစိုက်ပျိုးရန်နှင့် ဖြတ်သန်းသွားလာရန် ခက်ခဲနေကြောင်း သိရသည်။

ပဇီကြီးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့် ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို ယနေ့ နေ့လယ် နှစ်နာရီခွဲတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲခဲ့သည့်အတွက် ဒေသခံနေအိမ်များ မီးလောင်ပျက်စီးမှုများရှိကြောင်း သိရသည်။

မိုးမောက်မြို့နယ်အနီး လုံဂျာတောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

မိုးမောက်မြို့ အရှေ့မြောက်ဘက်ရှိ စစ်ကောင်စီတပ်စွဲထားသော တောင်အနီးတွင် ယနေ့နံနက် ၁၁ နာရီခန့်မှ မွန်းလွှဲ ၁ နာရီအထိ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားခဲ့ရကြောင်း သိရသည်။

သင်္ကြန်ကာလတွင်း စည်းကမ်းမဲ့ အမှိုက်များကြောင့် တနိုင်းချောင်းတွင် အမှိုက်များ စုပုံနေ

သင်္ကြန်ကာလအတွင်း လာရောက်လည်ပတ်သူများ၏ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကြောင့် တနိုင်းချောင်းကမ်းနားတစ်လျှောက်တွင် အမှိုက်များစုပုံနေကြောင်းသိရသည်။

ဧရာဝတီမြစ်တွင် ရေဆင်းကူးသည့် မိန်းကလေးတစ်ဦး ပျောက်ဆုံးနေ

မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ ဧရာဝတီမြစ်ဆိပ်တွင် ယနေ့ နေ့လယ် နှစ်နာရီခန့်က ရေချိုးဆင်းသည့် လူငယ်မိန်းကလေးတစ်ဦး ရေနစ်ပျောက်ဆုံးနေကြောင်းသိရသည်။

ခင်ဦးတွင် တော်လှန်ရေးရဲဘော် ငါးဦး ကျဆုံး၊ ဒေသခံ သုံးသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေ

ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းသို့ ထိုးစစ်ဆင်ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ နံနက် ခုနှစ်နာရီခန့်က တော်လှန်ရေးရဲဘော်ငါးဦးကို သတ်ဖြတ်ခဲ့ပြီး ပြည်သူ ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ဖားကန့်အခြေစိုက် KIA တပ်စခန်းကို စစ်ကောင်စီတပ်က တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်

ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ ဖားကန့်အခြေစိုက် တပ်မဟာ (၉) လက်အောက် တပ်ရင်း(၆) နယ်မြေရှိ ရှေ့တန်းစခန်းတစ်ခုကို ယနေ့ ညနေပိုင်း ငါးနာရီအချိန်ခန့်က စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့်...

စစ်ကောင်စီတပ်ကြောင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် ခင်ဦးဒေသခံ သုံးသောင်းကျော်ထွက်ပြေးတိမ်းရှောင်

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီစစ်ကြောင်း ယနေ့ နံနက် လေးနာရီခန့်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ကျေးရွာစုစုပေါင်း ၂၀ ခန့် လူဦးရေစုစုပေါင်း သုံးသောင်း ထက်မနည်း...

စစ်ကောင်စီတပ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ထောင်ချီသည့် ကလေးဒေသခံများ အကူအညီများလိုအပ်နေ

စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာနှစ်ရွာမှ စစ်ရှောင်ပြည်သူများ အမိုးအကာနှင့် စားနပ်ရိက္ခာ အကူအညီများလိုအပ်နေကြောင်းသိရသည်။