The 74 Media

KTV တွင် လာရောက်ပျော်ပါးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး တပ်ရင်းမှူးအပါအဝင် ငါးဦးသေဆုံး

KTV တစ်ခုတွင် စစ်ကောင်စီအရာရှိတစ်ဦးနှင့် လာရောက်ပျော်ပါးနေသူများ ပစ်ခတ်ခံရမှု ယနေ့နံနက် ၅ နာရီခွဲခန့်ကဖြစ်ပွားခဲ့ပြီး ငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် ပုပ်ပွသေဆုံးနေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

ပုပ်ပွသေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ နံနက် ဆယ်နာရီခန့်က မိုးညှင်းမြို့၊ ရွှေပေါက်ကန်ကျေးရွာတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

အထမ်းခ ဈေးကြီးသောကြောင့် ပန်နန်းဒင်ဒေသခံ ၁၀ နှစ်အောက်ကလေးအချို့ မိဘများနှင့်အတူ ရိက္ခာထမ်းနေရ

မြန်မာပြည်မြောက်ဘက်အစွန်းဆုံးဖြစ်သော ပန်နန်းဒင်မြို့နယ်ခွဲရှိကျေးရွာများတွင် ဆယ်နှစ်အောက်ကလေးအချို့ တစ်ပတ်ခန့် လမ်းလျှောက်ရသောနေရာသို့ မိဘများနှင့်အတူသွားကာ ရိက္ခာထမ်းနေရကြောင်းသိရသည်။

မြစ်ကြီးနားမြို့တွင် တစ်ရက်အတွင်း ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်ပွား

မြစ်ကြီးနားမြို့တွင် ယနေ့တစ်ရက်အတွင်း ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မင်းကင်းတွင် စစ်ကောင်စီပူးပေါင်းတပ်ကို တော်လှန်ရေးအဖွဲ့က သိမ်းပိုက်၊ ရဟတ်ယာဉ်ကွင်းနှစ်ခုကို ဖျက်ဆီး

စစ်ကောင်စီတပ်ပူးပေါင်းတပ်စခန်းတစ်ခုကို မင်းကင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး ရဟတ်ယာဉ်ကွင်းနှစ်ခုကိုလည်း ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ဖားကန့်ကျောက်ဝိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးပစ်ခတ်မှုများ ပြုလုပ်

ဖားကန့်မြို့နယ် လုံးခင်းကျောက်ဝိုင်းအနီးရှိ ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ည ၈ နာရီခန့်က လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး သေနတ်ပစ်ဖောက်သံများလည်းကြားခဲ့ရကြောင်း သိရသည်။

မြစ်ကြီးနား အင်ခိုင်ဘွမ်တောင်တွင် ၈ ရက်ကြာ တောမီးလောင်မှုဖြစ်ပွားနေ

မြစ်ကြီးနားမြို့နယ် အောင်မြင်သာအပန်းဖြေစခန်းအနီးရှိ အင်ခိုင်ဘွမ်တောင်တွင် ၈ ရက်ကြာ တောမီးလောင်မှုဖြစ်ပွားနေပြီး ငြိမ်းသတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ဖားကန့်တွင် စစ်ကောင်စီတပ်က ဒေသခံ ၁၀၀ ကျော်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထား

စစ်ကောင်စီတပ်က ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ မှော်ပုံ(မဒဲယာန်) ကျေးရွာကို ယနေ့ နံနက် ၅ နာရီခန့်က ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားကြောင်းသိရသည်။

ဆွမ်ပရာဘွမ်တွင် သောက်သုံးရေအခက်အခဲကြုံတွေ့နေ၊ ရေလောင်ကန်များရှိသော်လည်း ရေမရှိဟုဆို

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့တွင် သောက်သုံးရေခက်ခဲမှုဖြစ်ပေါ်နေပြီး ရေကို အလှည့်ကျစနစ်ဖြင့် ပေးနေသော်လည်း လုံလောက်မှုမရှိကြောင်း ဒေသခံများထံမှ သိရသည်

ကရင်နီပြည်နယ်တွင် စစ်ကောင်စီ စစ်ကားတစ်စီးတိုက်ခိုက်ခံရသောကြောင့် ၈ ဦးသေဆုံးပြီး တစ်ဦး အရှင်မိ

စစ်ကောင်စီစခန်းအတွက် ရိက္ခာ‌ပေးပို့ရန် ထွက်ခွာလာသော စစ်ကောင်စီ စစ်ကားတစ်စီး ယမန်နေ့ နေ့လယ် တစ်နာရီခန့်က ကရင်နီပြည်နယ် ဒေါညေးခူကျေးရွာနှင့် ဘောလခဲမြို့သွားသည့် ကားလမ်းတစ်နေရာတွင် တိုက်ခိုက်ခံရပြီး ရှစ်ဦးသေဆုံးကာ တစ်ဦး...

စစ်ကောင်စီတပ် ပတ်ဝန်းကျင်တွင် မိုင်းထောင်ထားသောကြောင့် ဒေသခံများ အခက်တွေ့၊ မိုင်းအန္တရာယ်သတိပေးဆိုင်းဘုတ်လည်း ကပ်ထားခြင်းမရှိဟုဆို

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကညှင်မြိုင်ကျေးရွာနှင့် ပြွန်သုံးလုံးကျေးရွာကြားရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၈၃)နှင့် (၃၈၄) တပ်အနီးတွင် မိုင်းထောင်ထားသည့်အတွက် ဒေသခံပြည်သူများ လယ်ယာစိုက်ပျိုးရန်နှင့် ဖြတ်သန်းသွားလာရန် ခက်ခဲနေကြောင်း သိရသည်။

ပဇီကြီးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့် ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို ယနေ့ နေ့လယ် နှစ်နာရီခွဲတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲခဲ့သည့်အတွက် ဒေသခံနေအိမ်များ မီးလောင်ပျက်စီးမှုများရှိကြောင်း သိရသည်။