The 74 Media

မြစ်ကြီးနားတွင် ကားနှင့်ဆိုင်ကယ် တိုက်၊ ဆိုင်ကယ်မောင်းနှင်သူ ဒဏ်ရာပြင်းထန်

မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်တွင် ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီက ကားလမ်းများပိတ်ဆို့ထားသဖြင့် ကုန်ဈေးနှုန်းများ မြင့်တက်

ကရင်နီပြည်နယ်တွင် ကားလမ်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားသောကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်ကာ စစ်ရှောင်ပြည်သူနှင့် ဒေသခံပြည်သူများ အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

ဘက်ဟိုးနှင့်ဆီသယ်ကားများကြောင့် မချမ်းဘော့-ဘင်ခူး လမ်းပိုင်း ဆိုးဝါးစွာ ပျက်စီးနေဟုဆို

ကချင်ပြည်နယ်၊ မချမ်းဘော့မြို့မှ ဘင်ခူးကျေးရွာသွားရာလမ်းတွင် ရွှေမှော်များသို့သွားသည့် ဘက်ဟိုးများနှင့် ဆီတင်ကားများကြောင့် ပျက်စီးသွားကြောင်း ဒေသခံများထံမှသိရသည်။

မြစ်ကြီးနား ပ.လ.န ရဲစခန်းအနီး ပေါက်ကွဲသံများ ကျယ်လောင်စွာထွက်ပေါ်

မြစ်ကြီးနားမြို့နယ် နောင်နန်းအုပ်စု အမှတ် (၃) ပ.လ.န ရဲစခန်းအနီးတွင် ယနေ့ည ပေါက်ကွဲသံနှစ်ချက် ကျယ်လောင်စွာကြားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်တွင် သတ်ဖြတ်ခံထားရသည့် ပိုင်ရှင်မဲ့အလောင်းနှစ်လောင်းတွေ့ရှိ

ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာအုပ်စု ကျောက်သွေးတောင်အနီး ယနေ့နံနက် ၅ နာရီခန့်က သတ်ဖြတ်ခံထားရသည့် ပိုင်ရှင်မဲ့ အလောင်းနှစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

ကန့်ဘလူလေကြောင်းတိုက်ခိုက်မှုတွင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၀ ထက်မနည်းကျဆုံးပြီး သေဆုံးသူ ၁၀၀ ကျော်နိုင်သည်ဟု ဒေသခံများပြော

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကန့်ဘလူမြို့နယ် ပဇီကြီးရွာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၀ ထက်မနည်းသေဆုံးပြီး ကလေးသူငယ်များအပါအဝင် သေဆုံးသူစုစုပေါင်း ၁၀၀ ကျော်နိုင်သည်ဟု မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။

ယင်းမာပင်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီးကြောင့် ကလေးတစ်ဦးသေဆုံး

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ယနေ့ နံနက် ၁ နာရီခန့်က ယင်းမာပင်မြို့နယ်တွင် ကလေးတစ်ဦးသေဆုံးပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နမ္မတီးမြို့တွင် စစ်ရှောင်ပြည်သူများ၏နွားများကို မြေခွေးများအုပ်စုလိုက် သတ်ဖြတ်စားသောက်နေ

မြေခွေးများအုပ်စုလိုက်သတ်ဖြတ်စားသောက်နေသဖြင့် နမ္မတီးမြို့တွင်နေထိုင်သည့် စစ်ရှောင်ပြည်သူများ၏နွားများ ယခုလ လဆန်းပိုင်းမှစတင်ကာ မကြာခဏသေဆုံးနေကြရကြောင်း သိရသည်။

ဖားကန့်တွင် အမျိုးသမီး ၄၀ ထက်မနည်း ဖမ်းဆီးခံရ

ဖားကန့်မြို့နယ် လုံးခင်းအုပ်စုရှိ နေအိမ်တန်းလျားတစ်ခုတွင် ဧပြီလ ၁၀ ရက် နံနက် ၄ နာရီခန့်က အမျိုးသမီး ၄၀ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်မည်ကိုကြောက်သဖြင့် ဘုရားကုန်းပေါ်တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်က အနီးတဝိုက်မီးရှို့ဖျက်ဆီး

တော်လှန်ရေးတပ်ဖွဲ့များဝင်ရောက်တိုက်ခိုက်မည်ကို ထိတ်လန့်ကြောက်ရွံ့သဖြင့် ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာရှိ ဘုရားကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များက အနီးတဝိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။