The 74 Media

ရွှေကူမြို့နယ်မှ ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီး

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် နန့်လန်ကျေးရွာနှင့် နောင်လက်ကြီးကျေးရွာကို ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားတွင် ပေါက်ကွဲသံနှင့် ပစ်ခတ်သံများ ကျယ်လောင်စွာ ထွက်ပေါ်

မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ ရဲတပ်ရင်း (၃၀) တွင် ယနေ့ည ၈ နာရီခွဲခန့်က ဗုံးပေါက်ကွဲသံ ကျယ်လောင်စွာထွက်ပေါ်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်က မိုင်းထောင်ထားသဖြင့် တနိုင်းဒေသခံများ သွားရေးလာရေးခက်ခဲ

ဒေသခံပြည်သူများ နေ့စဉ်အသုံးပြုနေသော မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမပေါ်ရှိ တိန်ကောက်ကျေးရွာ အနီးလမ်းတွင် စစ်ကောင်စီတပ်က မိုင်းထောင်ထားသောကြောင့် ဒေသခံပြည်သူများ သွားရေးလာရေးခက်ခဲနေကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ယနေ့ နံနက် ရှစ်နာရီဝန်းကျင်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ရုံးဖွင့်ပွဲ ပြုလုပ်နေစဉ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြောင်း သိရသည်။

ကလေးတွင် လက်နက်ပေါက်ကွဲမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် သုံးဦးကျဆုံးပြီး အများအပြားဒဏ်ရာရ

စစ်ကောင်စီရဲစခန်းကို ဝင်ရောက်တိုက်ခိုက်နေစဉ် ဗုံးပေါက်ကွဲမှုကြောင့် ကလေးမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင် သုံးဦးကျဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဝိုင်းမော်တွင် တစ်ရက်အတွင်း ယာဉ်တိုက်မှု သုံးခုဖြစ်ပွား၊ အမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာပြင်းထန်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ယမန်နေ့ညက ယာဉ်တိုက်မှု သုံးခုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် လူမှုကူညီရေးအသင်းဥက္ကဋ္ဌတစ်ဦးကို စစ်ကောင်စီဖမ်းဆီး

ဖားကန့်မြို့နယ် မှော်ဝမ်းရပ်ကွက်မှ မေတ္တာရှင်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌကို ယမန့်နေ့ည ၈ နာရီခန့်က စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်းသိရသည်။

KTV တွင် ဖမ်းဆီးခံရသည့် KIO အဖွဲ့ဝင်များ ထောင်ဒဏ် ၅ နှစ်စီချမှတ်ခံရ

မြစ်ကြီးနားမြို့ရှိ KTV တစ်ခုတွင်ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများအပါအဝင် အဖွဲ့ဝင် ၁၃ ဦး ထောင်ဒဏ် ငါးနှစ်စီ အသီးသီးချမှတ်ခံလိုက်ကြောင်း သိရသည်။

ရွှေတူးဖော်မှုကြောင့် ပူတာအိုမြို့နယ်အတွင်းရှိ ချောင်းတစ်ခု ရွှံ့ရေအဖြစ်ပြောင်းသွား

ပူတာအိုမြို့ မဂျော့ဝေါ့ကျေးရွာရှိ ဒေသခံများ သောက်သုံးရေအဖြစ် အသုံးပြုနေသော မဂျော့ဝေါ့ချောင်းသည် ရွှေတူးဖော်မူကြောင့် ရွှံ့ရေအဖြစ် ပြောင်းလဲသွားကြောင်းသိရသည်။

ကန့်ဘလူမြို့နယ်ရှိ စစ်ကောင်စီပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မိုးကောင်းဒေသခံတစ်ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကချင်ပြည်နယ်ဒေသခံ အမျိုးသားတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း သိရသည်။

ဖားကန့်တွင် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူ ၁၁ ဦး လေးလကြာသည်အထိ ပြန်မလွတ်သေး

ဖားကန့်မြို့နယ်၊ မှော်ပုံကျေးရွာဘုန်းကြီးကျောင်းတွင် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူ ၁၁ ဦး လေးလခန့်ကြာသည်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

ဒေါက်တာခလမ်ဆမ်ဆွန် ထောင်ဒဏ် ၆ နှစ်ချမှတ်ခံရ

စစ်ကောင်စီက ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို ယနေ့ နံနက် ၁၀ နာရီခန့်က ‌ထောင်ဒဏ် ခြောက်နှစ်ချမှတ်လိုက်ကြောင်း သိရသည်။