The 74 Media

စစ်ကောင်စီတပ်က ရွှေကူမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ ကျေးရွာ သုံးရွာကို တိုက်လေယာဉ်ဖြင့် နှစ်ရက်ဆက်တိုက် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့်အတွက် နေအိမ်စုစုပေါင်း ခြောက်ဆယ်ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် သင်္ကြန်မဏ္ဍပ်များဆောက်လုပ်နေ

မြစ်ကြီးနားမြို့တွင် စစ်ကောင်စီ ဆောက်လုပ်နေသည့် သင်္ကြန်မဏ္ဍပ် စုစုပေါင်း ခြောက်ခုတွေ့ရပြီး အထက (၉) ကျောင်းရှေ့တွင် သင်္ကြန်မဏ္ဍပ်တစ်ခု၊ အနီးရှိ အထက (၁) ကျောင်းရှေ့တွင် သင်္ကြန်မဏ္ဍပ်...

ကလေးတွင် စစ်ကောင်စီတပ်က နှိပ်စက်သတ်ဖြတ်ခဲ့သူ သုံးဦး၏ ရုပ်အလောင်းများတွေ့ရှိ

စစ်ကောင်စီတပ်က နှိပ်စက်သတ်ဖြတ်ခဲ့သော ပြည်သူနှစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး၏ ရုပ်အလောင်းများကို ယနေ့ နံနက်က ကလေးမြို့မြောက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်းသိရသည်။

ပန်နန်းဒင်ဒေသတွင် ဆန်တစ်အိတ်ကို သုံးသိန်းကျော်ပေးဝယ်ရ၊ ဒေသခံအများစု တစ်ရက်လျှင် ထမင်းတစ်နပ်သာ စားနေဟုဆို

မြန်မာပြည်မြောက်ဘက်အစွန်ဆုံးဖြစ်သော ပန်နန်းဒင်မြို့နယ်ခွဲမှ ထလာထုကျေးရွာနှင့် ဒဇုံကျေးရွာတွင် လမ်းခရီးအခက်အခဲကြောင့် ဆန်တစ်အိတ်လျှင် ကျပ်သုံးသိန်း‌ကျော်ပေးဝယ်ရကြောင်းသိရသည်။

ဝက်လက်မြို့နယ်တွင် တော်လှန်ရေး ရဲဘော် ခြောက်ဦး ကျဆုံး

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဝက်လက်မြို့နယ်မှ တော်လှန်ရေး ရဲဘော်ခြောက်ဦး ယမန်နေ့ နံနက် ကိုးနာရီခွဲခန့်က ကျဆုံးခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက အရပ်သားနှစ်ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ မင်းကုန်းကျေးရွာအနီးတွင် ယမန်နေ့ ညနေလေးနာရီခန့်က အရပ်သားအမျိုးသားနှစ်ဦးကို စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

မြေရှားသတ္တုတူးဖော်ရေးကို ကန့်ကွက်သူများအား ပစ်ခတ်ရန်အမိန့်ပေးခဲ့သည်ဟု သတင်းထွက်ပေါ်နေသဖြင့် KIO ကို ကချင်လူထုဝေဖန်

မံစီမြို့နယ် ဒိန်ဆိန်းပါဒေသတွင် မြေရှားတူးဖော်ရေးလုပ်ငန်းများကို ကန့်ကွက်နေသည့် ဒေသခံပြည်သူများကို ပစ်ခတ်တားဆီးရန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) က အမိန့်ပေးခဲ့သည်ဟုသတင်းများထွက်ပေါ်ခဲ့ပြီး ကချင်လူထုအကြား ဝေဖန်မှုများမြင့်တက်နေသည်။

မြဝတီမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေသဖြင့် ဒေသခံအချို့ ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေသည့် မြဝတီမြို့နယ်မှ ဒေသခံအချို့ ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

CDM ကျောင်းဆရာမအပါအဝင် အင်းတော်ဒေသခံ လေးဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦးကို စစ်ကောင်စီတပ်က ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း သိရသည်။

ဖားကန့်တွင် တစ်လအတွင်း လုပ်ကြံသတ်ဖြတ်ခံရသူအရေအတွက် ယခင်ထက်ပိုများလာ

ဖားကန့်မြို့နယ်တွင် မတ်လတစ်လအတွင်း သတ်ဖြတ်ခံရသူအရေအတွက် ယခင်လကထက် မြှင့်တက်လာပြီး ပြည်သူ ၂၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင်ဖြစ်ပွားခဲ့သော တစ်လတာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာနီးပါးသေဆုံး

ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပြီးခဲ့သည့် မတ်လတစ်လတာဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာနီးပါးသေဆုံးခဲ့ပြီး ၁၃ ဦးအရှင်ဖမ်းမီခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၏ထုတ်ပြန်ချက်အရ သိရသည်။

ကျေးရွာအတွင်း မီးငြိမ်းရန်သွားသည့် PDF တစ်ဦး မိုင်းနင်းမိပြီး ကျဆုံးကာ ဒေသခံနှစ်ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်က မီးရှို့ထားသည့် ကန့်ဘလူမြို့နယ်မှနေအိမ်များကို မီးငြိမ်းသတ်ရန်သွားသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ယနေ့ နံနက်ငါးနာရီက မိုင်းနင်းမိပြီးကျဆုံးခဲ့ကြောင်း သိရသည်။