The 74 Media

ကျောက်စိမ်းလုပ်ကွက်မှ အလုပ်သမားများကို စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီး

ကျောက်စိမ်းလုပ်ကွက်တွင် ရေမဆေးကျောက်ရှာဖွေသူများနှင့် ဘက်ဟိုးမောင်းနှင်သူများကို ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြောင်းမဲ့ဖမ်းဆီးသွားကြောင်း သိရသည်။

မြစ်ကြီးနားတွင် တစ်လအတွင်း ယာဉ်တိုက်မှု ၃၅ မှုထက်မနည်းဖြစ်ပွား

မြစ်ကြီးနားမြို့တွင် မတ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၃၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိကြောင်း လူမှုကူညီရေးအသင်းအချို့၏ အချက်အလက်များအရ သိရသည်။

စစ်ကောင်စီ ဘီလူးစစ်ကြောင်းကြောင့် ချောင်းဦးမြို့နယ်မှ ဒေသခံ နှစ်သောင်းခန့် ထွက်ပြေးတိမ်း‌ရှောင်

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် တောင်ဘက်ခြမ်းသို့ ဒေသအခေါ် စစ်ကောင်စီဘီလူးစစ်ကြောင်းသည် ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့ကစပြီး ထိုးစစ်ဆင်ဝင်ရောက်ကာ ကျေးရွာများ မီးရှို့ဖျက်ဆီးနေသောကြောင့် စုစုပေါင်း နှစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း...

တိုက်ပွဲပြင်းထန်နေသည့် ကလေးမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြားတိုက်ပွဲဖြစ်ပွားနေသည့် ကလေးမြို့မြောက်ပိုင်းတွင် ယနေ့ညနေ ၅ နာရီခန့်က စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

လမ်းပျောက်နေသည့် အသက် (၂) နှစ်အရွယ်ကလေးတစ်ဦး မိဘများနှင့်ပြန်မတွေ့သေး

ဖားကန့်မြို့၊ မြို့မရပ်ကွက်တွင် ယနေ့မွန်းလွှဲ (၁) နာရီခန့်ကတွေ့ရှိခဲ့သည့် အသက် (၂) နှစ်အရွယ်ကလေးတစ်ဦး မိဘများနှင့် ပြန်မတွေ့သေးကြောင်း သိရသည်။

ကလေးမြို့နယ်မှ စစ်ရှောင်နှစ်သောင်းကျော် အရေးပေါ်အကူအညီလိုအပ်နေ

ကလေးမြို့မြောက်ပိုင်းတွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူနှစ်သောင်းကျော်ခန့် အရေးပေါ်စားနပ်ရိက္ခာ အကူညီလိုအပ်နေကြောင်းသိရသည်။

မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်တွင် ယနေ့ နံနက် ကိုးနာရီခွဲခန့်က နေအိမ်တစ်လုံးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးပြီး တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ ကျေးရွာနှစ်ရွာအနီးတွင် ယမန်နေ့ နံနက် ၁၀နာရီခန့်က စစ်ကောင်စီတပ်နှင့် ထီးချိုင့်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

KNLA ပူးပေါင်းတပ်နှင့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ခန့်သေဆုံးခဲ့ပြီး ၁၁ ဦးအရှင်ဖမ်းမိကြောင်း ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

မြဝတီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခ‌ဲ့ရာ ခြောက်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ခန့်သေဆုံးခဲ့ပြီး ၁၁ဦးအရှင်ဖမ်းဆီးရမိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့နေ့စွဲဖြင့်ထုတ်ပြန်လိုက်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်တွင် တရားမဝင်လောင်းကစားရုံများ ပိုမိုများပြားလာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်အတွင်း တရားမဝင်လောင်းကစားရုံများ ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ သိရသည်။

မူဆယ်တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်နှစ်ဦး ပစ်သတ်ခံရ

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်နှစ်ဦး မူဆယ်မြို့တွင် ယမန်နေ့နေ့လယ် ၁၂ နာရီခန့်က ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။