The 74 Media

ပင်းဘောကျေးရွာရှိ လောင်းကစားဝိုင်းကို ဒေသခံများကန့်ကွက်၊ လောင်းကစားဝိုင်း၏ နောက်ဆက်တွဲဆိုးကျိုးများ ခံစားနေရဟုဆို

မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာတွင် ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းကို ဒေသခံများကန့်ကွက်နေပြီး အမြန်ဆုံးပိတ်သိမ်းပေးစေလိုကြောင်း သိရသည်။

NUG နှင့် PDF များကို ထောက်ခံအားပေးနေသူများကို ပြတ်ပြတ်သားသားအရေးယူမည်ဟု စစ်ခေါင်းဆောင်ပြော

NUG နှင့် PDF များကို အားပေးနေသည့် နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများမှာ နိုင်ငံတော်တည်ငြိမ်မှုကို ပျက်ပြားစေရန် ကျူးလွန်နေသည်ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း...

မြောင်တွင် ကင်းထောက်လှမ်းသည့် PDF ငါးဦးတိုက်ခိုက်ခံရပြီး ကျဆုံး၊ လက်နက်အချို့သိမ်းဆည်းခံရ

စစ်ကောင်စီစစ်ကြောင်းကို လိုက်လံကင်းထောက်နေသည့် မြောင်မြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အလှစ်တိုက်ခိုက်ခံခဲ့ရပြီး တပ်ဖွဲ့ဝင်ငါးဦးကျဆုံးခဲ့ကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းခံခဲ့ရကြောင်း သိရသည်။

ဖားကန့်တွင် တစ်ရက်အတွင်း KIA နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်သတ်ခံရ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)တပ်ဖွဲ့ဝင်တစ်ဦးနှင့် စစ်ကောင်စီ ဒုရဲအုပ်တစ်ဦး ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။

ဖားကန့်တွင် မြေစာသယ်ကားတက်ကြိတ်သဖြင့် ရေမဆေးသမားတစ်ဦး သေဆုံး

ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီမြေစာသယ်ကားတက်ကြိတ်သဖြင့် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအနီးရှိ ရေမဆေးသမားတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

မိုးညှင်း-နမ္မားလမ်းတွင် စစ်ကောင်စီလက်အောက်ခံ စရဖအရာရှိတစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ညောင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီလက်အောက်ခံ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ထောက်လှမ်းရေးအရာရှိတစ်ဦး ယမန်နေ့ မွန်းလွှဲ တစ်နာရီခန့်က ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

မြစ်ကြီးနားတွင် ဝါယာရှော့ခ်ဖြစ်ပြီး နေအိမ်နှစ်လုံးမီးလောင်

မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်တွင် ယမန်နေ့ ညနေ ၅ နာရီခွဲခန့်တွင် နေအိမ်နှစ်လုံး မီးလောင်ခဲ့ကြောင်း သိရသည်။

တမူးမြို့နယ်တွင် စစ်ကောင်စီရဲကင်းတစ်ခုကို NLA တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း တမူးမြို့နယ် ဘုက္ကန်ကျေးရွာရှိ စစ်ကောင်စီရဲကင်းကို အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီပူးပေါင်းတပ်က စိတ်ကျန်းမာရေးချို့ယွင်းနေသူကို သတ်ဖြတ်၊ ကျေးရွာကို မီးရှို့ဖျက်ဆီးသည့်အပြင် ပစ္စည်းများကို ခိုးယူ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ဇင်ကြီးကျေးရွာကို စစ်ကောင်စီပူးပေါင်းတပ်က ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ပြီး စိတ်ကျန်းမာရေးချို့ယွင်းသည့် အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားတွင် မီးပွိုင့်များပုံမှန်အလုပ်မလုပ်သဖြင့် ဒေသခံများ သွားရေးလာရေးခက်ခဲနေ

မြစ်ကြီးနားမြို့တွင် မီးပွိုင့်များပုံမှန်အလုပ်မလုပ်သည်မှာ တစ်နှစ်ခန့် ကြာမြင့်လာသော်လည်း ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း မရှိသောကြောင့် မြို့ခံပြည်သူများ သွားရေးလာရေးအတွက် ခက်ခဲနေကြောင်း သိရသည်။

မိုးကောင်းဘူတာရုံတွင် ပုပ်ပွနေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်တွင် ယမန်‌နေ့ ညနေ လေးနာရီခန့်က အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းက ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်တွင်းပစ္စည်းများကို ခိုးယူ

စစ်ကောင်စီစစ်ကြောင်းက ရွှေကူမြို့နယ် နောင်လက်ကြီးကျေးရွာနှင့် နမ့်လန်ကျေးရွာတွင် ယနေ့ နံနက် ၁၀နာရီခန့်က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံများ၏ နေအိမ်အတွင်းမှ ပစ္စည်းများကို ခိုးယူသွားခဲ့ကြောင်း သိရသည်။