စစ်ကောင်စီတပ်များဝင်လာသဖြင့် ထွက်ပြေးသွားသည့်ဒေသခံများ အမြန်ပြန်လာရန် အတင်းအကြပ်ခြိမ်းခြောက်ခံနေရ
စစ်ကောင်စီပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်သွားသည့် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းကျေးရွာ ဒေသခံပြည်သူများ နေရပ်အမြန်ပြန်လာရန် ခြိမ်းခြောက်ခံနေရကြောင်း သိရသည်။