The 74 Media

အင်းတော်နှင့်ထီးချိုင့်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်နှင့် ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား ယနေ့ နံနက်ပိုင်းက တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဟိုပင်တွင် ဆန်စက်ဂိုထောင်ဟောင်းတစ်လုံး မီးလောင်ပျက်စီး

ဟိုပင်မြို့ မြသီတာရပ်ကွက်တွင် ယနေ့ ညနေသုံးနာရီခွဲခန့်က ဆန်စက်ဂိုထောင်ရုံအဆောက်အဦးဟောင်းတစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

KNU ထိန်းချုပ်ဧရိယာတွင် နှစ်ပတ်အတွင်း တိုက်ပွဲ ၇၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးသည်ဟုဆို

ကေအဲန်ယူတပ်မဟာ (၅) နယ်မြေတွင် ယခုလ ၁၅ ရက်အတွင်း တိုက်ပွဲ ၇၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဒုဗိုလ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၃၁ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူမူတြော်သတင်းစဉ်က...

မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရ၊ ကားတစ်စီး ပျက်စီးသွားဟုဆို

မြစ်ကြီးနားမြို့နယ် အင်ဆွပ်ဇွပ်ကျေးရွာအနီးတွင် ယမန်နေ့ ညနေ လေးနာရီခွဲအချိန်ခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသော ကားတစ်စီး ပျက်စီးသွားကြောင်း သိရသည်။

မီးဘေးသင့် ဂျယ်ယာန်စစ်ရှောင်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာမြို့အနီးရှိ ဂျယ်ယာန်စစ်ရှောင်စခန်းတွင် ယမန်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် နေအိမ်ဆုံးရှုံးခဲ့ရသော စစ်ရှောင်ပြည်သူများ အရေးပေါ်အကူအညီများလိုအပ်နေကြောင်း သိရသည်။

ဖားကန့်တွင် ပြည်သူအချို့၏နေအိမ်များကို စစ်ကောင်စီဖျက်ဆီး၊ ဂေါပကတစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့ ဖမ်းဆီး

စစ်ကောင်စီတပ်ဖွဲ့ဝင်များများ တိုက်ခိုက်ခံခဲ့ရသည့် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မျောက်ကုန်းတပ်ရင်း ၂၈ အနီးရှိ ဒေသခံများ၏နေအိမ်များလွန်ခဲ့သည့်နှစ်ရက်က ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦးသေဆုံး

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယနေ့ နေ့လယ်နှစ်နာရီခန့်က ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မံစီမြို့နယ်ရှိ စစ်ရှောင်စခန်းတွင် သောက်သုံးရေရရှိရန် ခက်ခဲနေ

စစ်ရှောင်လူဦးရေ တစ်ထောင်ကျော်ရှိသည့် မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာရှိ စစ်ရှောင်စခန်းတွင် သောက်သုံးရေရရှိရန် ခက်ခဲနေကြောင်း သိရသည်။

ဖားကန့်တွင် စစ်ကောင်စီတပ်က ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ ရုံးတစ်ရုံးကို ဝင်ရောက်ဖျက်ဆီး၊ တစ်ဦးဖမ်းခံရ

ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဖွင့်လှစ်ထားသော ဖားကန့်မြို့နယ်ရှိ အမျိုးသမီးစွမ်းရည်မြင့်တင်ရေးရုံးကို ယမန်နေ့ည ၁၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ရုံးစောင့်တစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်းသိရသည်။

စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်နီတပ်မတော် တိုက်ခိုက်သိမ်းပိုက်၊ နှစ်ဖက် ကျဆုံးမှုရှိဟုဆို

ကရင်နီပြည်နယ် ရှားတောမြို့နယ်ရှိ စစ်ကောင်စီရှေ့တန်းတပ်စခန်းတစ်ခုကို ယမန်နေ့ မွန်းလွှဲ ငါးနာရီခန့်က ကရင်နီတပ်မတော် (KA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခု မိုင်းခွဲတိုက်ခိုက်ခံရ

ဖားကန့်မြို့ ပန်းတင်တံတားအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ယမန်နေ့ည ၉ နာရီခွဲခန့်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။