The 74 Media

ဒီးမော့ဆိုစစ်ရှောင်ကလေးများ အရေပြားကူးစက်ရောဂါဖြစ်ပွားနေ

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်ကလေးငယ်များ အရေပြားကူးစက်ရောဂါဖြစ်ပွားနေပြီး ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း သိရသည်။

ဖားကန့်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာတွင် ယနေ့ နံနက် သုံးနာရီခွဲခန့်က ကေအိုင်အေတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။

မြစ်ကြီးနားမြို့ မြတ်မွန်ဆေးရုံမှ သူနာပြုဆရာမတစ်ဦးနှင့် ချစ်သူကိုစစ်ကောင်စီဖမ်းဆီး

မြစ်ကြီးနားမြို့ရှိ ပုဂ္ဂလိကဆေးရုံဖြစ်သော မြတ်မွန်ဆေးရုံမှ သူနာပြုဝန်ထမ်းဆရာမတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သိရသည်။

ဖားကန့်တွင် လေပြင်းတိုက်ခတ်သဖြင့် နေအိမ်အချို့ပျက်စီး

မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့သောကြောင့် ယမန်နေ့ည ၈ နာရီခန့်က ဖားကန့်မြို့ မှော်စီစာကျေးရွာရှိ လူနေအိမ်အချို့ ပျက်စီးခဲ့ကြောင်းသိရသည်။

မြောင်တွင် ပြည်သူနှစ်ဦးပစ်သတ်ခံရပြီး PDF တပ်ဖွဲ့ဝင်များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းခံရ

စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းက မြောင်မြို့နယ်မှဒေသခံနှစ်ဦးကို ယမန်နေ့နံနက်ပိုင်းက ပစ်သတ်ခံပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းသွားကြောင်း သိရသည်။

အင်းတော်ကြီး နန့်မွန်းတောင်ခြေတွင် စစ်ကောင်စီလိုက်ပါလာသော အိမ်စီးကားမိုင်းဆွဲခံရပြီး လေးဦး ဒဏ်ရာရ

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် အိမ်စီးကားကို ကချင်လွတ်မြောက်ရေးတပ် (KIA) က အင်းတော်ကြီးဒေသရှိ နန့်မွန်းတောင်ခြေတွင် ယနေ့ နံနက် ကိုးနာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့‌သောကြောင့် လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဘုတလင်တွင် CNDF တပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရ

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နှင့် ဘုတလင်မြို့နယ်ကြားတွင် CNDF တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီပူးပေါင်းအဖွဲ့က လူသူမရှိသည့် ဒေသခံများ၏ နေအိမ်များကို ဖျက်ဆီး၊ နေအိမ်များကို မီးရှို့မည်ဟုလည်း ခြိမ်းခြောက်နေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ဇင်လေးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က ထွက်ပြေးတိမ်းရှောင်သွားသောကြောင့် လူသူမရှိသည့် ဒေသခံများ၏ နေအိမ်များကိုဖျက်ဆီးနေကြောင်း သိရသည်။

ကွတ်ခိုင်တွင် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုလမ်းမကြီးတွင် ယမန်နေ့ နံနက် ၁၁ နာရီခန့်က စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

မုံရွာတွင် ပြည်သူခြောက်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရပြီး PDF ရဲဘော် ၁၃ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက ဒေသခံပြည်သူခြောက်ဦး မီးရှို့သတ်ဖြတ်ခဲ့ရပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁၃ ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

KNDF နှင့် PDF ဆန့်ကျင်ရေးဆန္ဒပြပွဲ တောင်ကြီးမြို့တွင်ပြုလုပ်၊ PNO ၏ ထုတ်ပြန်ချက် မှန်ကန်ခြင်းမရှိကြောင်း KNDF ပြော

နမ်းနိန်အစုလိုက်အပြုံလိုက် လူသတ်ဖြတ်မှုကို တော်လှန်ရေးအဖွဲ့များက ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသားများအဖွဲ့ချုပ် (PNO) က ထုတ်ပြန်ပြောဆိုချက် မှန်ကန်ခြင်းမရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က တုန့်ပြန်လိုက်သည်။

ဖားကန့်တွင် KIA အရာရှိတစ်ဦး၏နေအိမ်ကို စစ်ကောင်စီစီးနင်း၊ ကားနှင့်ငွေသားအချို့သိမ်းယူ

ဖားကန့်မြို့၊ သောင်းချိုရပ်ကွက်ရှိ ကေအိုင်အေအရာရှိတစ်ဦးအိမ်ကို ယနေ့နံနက် ၆ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့ပြီး အိမ်ရှိလူခြောက်ဦးကိုဖမ်းဆီးသွားကြောင်း သိရသည်။