The 74 Media

မြေမြုပ်မိုင်းနင်းမိပြီး ဖလမ်းမြို့နယ်မှလူငယ်သုံးဦး ထိခိုက်ဒဏ်ရာရ

မြေမြုပ်မိုင်းကြောင့် ချင်းပြည်နယ် ဖလမ်းမြို့နယ် ဆိုင်းမွန်ကျေးရွာမှလူငယ်သုံးဦး မတ်လ ၁၃ ရက်နေ့က နံနက် ၁၁ နာရီခန့်က ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီး

စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ထီးချိုင့်မြို့နယ် ပေါက်ကုန်းကျေးရွာထိပ်ရှိ ဘုန်ကြီးကျောင်းတစ်ကျောင်း ယမန်နေ့ နေ့လယ် သုံးနာရီခန့်က ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားတွင် ခိုးယူခံရသည့် ဟွန်ဒါဖစ်ကားတစ်စီးကို ငါးရက်ကြာသည်အထိ ပြန်မတွေ့သေး

မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်တွင် နေအိမ်ခြံဝင်းအတွင်း ရပ်ထားစဉ် ခိုးယူခံလိုက်ရသည့်ဟွန်ဒါဖစ်အမျိုးအစားကားတစ်စီးကို ငါးရက်ကြာသည်အထိ ပြန်မတွေ့သေးကြောင်း သိရသည်။

စစ်ကောင်စီတပ်က ရွှေကူဒေသခံ ၁၀ ဦးထက်မနည်းဖမ်းဆီး၊ စစ်ရှောင်တဲ နှစ်လုံးလည်း မီးရှို့ဖျက်ဆီးခံရ

စစ်ကောင်စီစစ်ကြောင်းက ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ သာယာကုန်းကျေးရွာမှ ဒေသခံ ၁၀ ဦးထက်မနည်းကို ယမန်နေ့ နေ့လယ် သုံးနာရီခန့်က ဖမ်းဆီးခဲ့သည့်အပြင် စစ်ရှောင်တဲနှစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဒေသခံနှစ်ဦးကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

မြောင်မြို့နယ်မှ စစ်ရှောင်ပြည်သူနှစ်ဦးကို ယနေ့ နေ့လယ် ၃ နာရီခန့်က စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်သွားပြီး အဆိုပါစစ်ကြောင်းကို ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြစ်ချောင်းအင်းအိုင်များနေ့ကို ဧရာဝတီမြစ်ဘေးတွင် ပြုလုပ်၊ ရွှေတူးဖော်ခဲ့သော နေရာများကို ပြန်လည်ပြုပြင်ပေးစေလိုဟုဆို

မြစ်ကြီးနားမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး ဒေသအခေါ် ကချင်ချောင်းသာတွင် မြစ်ဆုံဒေသခံများ စုပေါင်းကာ အပြည်ပြည်ဆိုင်ရာမြစ်ချောင်းအင်းအိုင်များနေ့ အထိမ်းအမှတ်ဆုတောင်းပွဲကို ယနေ့ နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

အင်းတော်တွင် တစ်ပါတ်အတွင်း အမျိုးသမီး ၁၇ ဦးထက်မနည်း ဖမ်းဆီးခံရ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF ) ထောက်ပံ့သည်ဟုဆိုကာ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှ အမျိုးသမီး ၁၇ ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်ပတ်အတွင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီ ၁၉ ဦးသေဆုံးပြီး ၆ ဦးဖမ်းဆီးရမိ

ကယားပြည်နှင့် ရှမ်းပြည်နယ် နယ်စပ်ရှိ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးခဲ့ပြီး ၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖားကန့်လမ်းတွင် စက်သုံးဆီတင်ယာဉ်တန်း ပိတ်မိနေ

ဖားကန့်မြို့နယ်၊ နန့်တိန်းကျေးရွာအနီးတွင် ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ စက်သုံးဆီတင်ယာဉ် အစီး ၅၀ ခန့် ဖြတ်သန်းခွင့်မရဘဲ ပိတ်မိနေကြောင်းသိရသည်။

တီးတိန်တွင် စစ်ကောင်စီတပ်ကို PDF တပ်ဖွဲ့တိုက်ခိုက်ပြီး လက်နက်ခဲယမ်းသိမ်းဆည်းရမိ

ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ယနေ့နံနက် ၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသောနေရာကို PDF Zoland က သွားရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မြောင်တွင် စစ်ကောင်စီတပ်က ပြည်သူသုံးဦးကို သတ်ဖြတ်ပြီးသုံးဦးကို ဖမ်းဆီးသွား

မြောင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ယနေ့ နံနက် ၆ နာရီခန့်က စစ်ကောင်စီတပ်က ဒေသခံအမျိုးသားသုံးဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးကိုဖမ်းဆီးသွားကြောင်းသိရသည်။

ငွေပျော်စံပြကျေးရွာရှိ KBC အသင်းတော်လူကြီးတစ်ဦး ပျောက်ဆုံးနေ

စစ်ရှောင်များကို ပြန်လည်နေရာချထားသည့် ငွေပျော်စံပြကျေးရွာမှ KBC အသင်းတော်လူကြီးတစ်ဦးပျောက်ဆုံးနေသည်မှာ သုံးရက်ခန့်ကြာမြင့်လာပြီဖြစ်ကြောင်း သိရသည်။