The 74 Media

မြစ်ချောင်းအင်းအိုင်များနေ့ကို ဧရာဝတီမြစ်ဘေးတွင် ပြုလုပ်၊ ရွှေတူးဖော်ခဲ့သော နေရာများကို ပြန်လည်ပြုပြင်ပေးစေလိုဟုဆို

မြစ်ကြီးနားမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး ဒေသအခေါ် ကချင်ချောင်းသာတွင် မြစ်ဆုံဒေသခံများ စုပေါင်းကာ အပြည်ပြည်ဆိုင်ရာမြစ်ချောင်းအင်းအိုင်များနေ့ အထိမ်းအမှတ်ဆုတောင်းပွဲကို ယနေ့ နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

အင်းတော်တွင် တစ်ပါတ်အတွင်း အမျိုးသမီး ၁၇ ဦးထက်မနည်း ဖမ်းဆီးခံရ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF ) ထောက်ပံ့သည်ဟုဆိုကာ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှ အမျိုးသမီး ၁၇ ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်ပတ်အတွင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီ ၁၉ ဦးသေဆုံးပြီး ၆ ဦးဖမ်းဆီးရမိ

ကယားပြည်နှင့် ရှမ်းပြည်နယ် နယ်စပ်ရှိ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးခဲ့ပြီး ၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖားကန့်လမ်းတွင် စက်သုံးဆီတင်ယာဉ်တန်း ပိတ်မိနေ

ဖားကန့်မြို့နယ်၊ နန့်တိန်းကျေးရွာအနီးတွင် ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ စက်သုံးဆီတင်ယာဉ် အစီး ၅၀ ခန့် ဖြတ်သန်းခွင့်မရဘဲ ပိတ်မိနေကြောင်းသိရသည်။

တီးတိန်တွင် စစ်ကောင်စီတပ်ကို PDF တပ်ဖွဲ့တိုက်ခိုက်ပြီး လက်နက်ခဲယမ်းသိမ်းဆည်းရမိ

ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ယနေ့နံနက် ၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသောနေရာကို PDF Zoland က သွားရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မြောင်တွင် စစ်ကောင်စီတပ်က ပြည်သူသုံးဦးကို သတ်ဖြတ်ပြီးသုံးဦးကို ဖမ်းဆီးသွား

မြောင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ယနေ့ နံနက် ၆ နာရီခန့်က စစ်ကောင်စီတပ်က ဒေသခံအမျိုးသားသုံးဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးကိုဖမ်းဆီးသွားကြောင်းသိရသည်။

ငွေပျော်စံပြကျေးရွာရှိ KBC အသင်းတော်လူကြီးတစ်ဦး ပျောက်ဆုံးနေ

စစ်ရှောင်များကို ပြန်လည်နေရာချထားသည့် ငွေပျော်စံပြကျေးရွာမှ KBC အသင်းတော်လူကြီးတစ်ဦးပျောက်ဆုံးနေသည်မှာ သုံးရက်ခန့်ကြာမြင့်လာပြီဖြစ်ကြောင်း သိရသည်။

နမ္မတီးမြို့အနီး ယာဉ်တိမ်းမှောက်မှုဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာပြင်းထန်

ဖားကန့်မြို့နယ်၊ ဒွန်ဘုန်းခကျေးရွာအနီးတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ယာဉ်မတော်တဆမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီးကျန်တစ်ဦးက ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် ဆံသဆိုင်တစ်ဆိုင်စီးနင်းခံရပြီး ဆိုင်ရှင်အပါအဝင် ရှစ်ဦးဖမ်းခံရ

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ဆံသဆိုင်တစ်ဆိုင်ကို ယနေ့နံနက်အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီနင်းပြီး ဒေသခံရှစ်ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းတွင် စစ်ကောင်စီနှင့် KIA တိုက်ပွဲနှစ်ကြိမ်ဖြစ်၊ စစ်ကောင်စီ ၁၀ ဦးထက်မနည်သေဆုံးဟုဆို

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီက မြစ်ကြီးနားမြို့နယ်မှ စစ်ရှောင်စခန်းတစ်ခုကို တစ်လအတွင်း ဖျက်သိမ်းခိုင်း

မြစ်ကြီးနားမြို့နယ် ပလန (၁) ပန်းတောက်မြိုင်ကျေးရွာရှိ စိန့်ဂျိုးဇက်စစ်ရှောင်စခန်းကို စစ်ကောင်စီက ယခုလ နောက်ဆုံးထားပြီး ဖျက်သိမ်းခိုင်းနေကြောင်း  သိရသည်။

ဒေသခံများ အကြိမ်ကြိမ်ကန့်ကွက်သော်လည်း အင်လွယ်ယန်တွင် ရွှေကျင်းတစ်ခုဆက်တူးနေ

ပူတာအိုမြို့နယ် အင်လွယ်ယန်ကျေးရွာအနီး ရွှေတူးဖော်နေမှုများကို ဒေသခံများ အကြိမ်ကြိမ်ကန့်ကွက်မှုကြောင့် ရွှေကျင်းအချို့ရပ်နားသွားသော်လည်း ရွှေကျင်းတစ်ကျင်းမှာ ရပ်နားခြင်းမရှိဘဲ ဆက်လက်တူးဖော်နေကြောင်းသိရသည်။