The 74 Media

စစ်ကောင်စီတပ်က သံဃာတော်များအပါအဝင် ဒေသခံ ၃၀ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ် နယ်စပ်ရှိ  နန်းနှိမ်ကျေးရွာတွင် သံဃာတော်များအပါအဝင် ဒေသခံ ၃၀ ဦးကို ယမန်နေ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

တီးတိန်တွင် စာသင်ကျောင်းအပါအဝင် နေအိမ်အချို့ကို စစ်ကောင်စီမီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၈ နာရီခန့်က ချင်းပြည်နယ်၊တီးတိန်မြို့နယ်ရှိ စာသင်ကျောင်း နှင့်နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

မိုးကောင်းတွင် စစ်ကောင်စီဗိုလ်ကြီးတစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်

စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးတစ်ဦး မတ်လ ၁၀ ရက် နံနက် ဆယ်နာရီခန့်က မိုးကောင်းမြို့နယ်၊ စီဒီယံကျေးရွာအနီး လီဒိုလမ်းမကြီးပေါ်တွင် ပစ်ခတ်ခံရကြောင်း သိရသည်။

စစ်ရှောင်များခိုလှုံနေသော ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်များကို စစ်ကောင်စီပူးပေါင်းစစ်ကြောင်းက မီးရှို့ဖျက်ဆီး

ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်နယ်စပ်ရှိ ပင်လောင်းမြို့နယ် နန်းနိမ်ကျေးရွာရှိ စစ်ရှောင်များ ခိုလှုံနေသော ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို ယနေ့ နံနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်က ဖားကန့်ဒေသခံ ၃၀ ခန့်ကို ထပ်မံဖမ်းဆီး၊ KIO အုပ်ချုပ်ရေးအရာရှိ အချို့ပါဝင်သည်ဟု သတင်းထွက်ပေါ်

ဖားကန့်မြို့ ဖားပြင်ကျေးရွာမှ ဒေသခံပြည်သူ ၃၀ ခန့်ကို ယနေ့ နံနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

ဒိန်ဆင်းပါမှာစစ်တဲ့ စာမေးပွဲ KIO/KIA အောင်ဖို့လိုတယ်

မံစီမြို့နယ် ဒိန်ဆင်းပါကျေးရွာမှာ မြေရှားသတ္တုတူးဖော်နေကြတာကို ဒေသခံတွေကန့်ကွက်ဆန္ဒပြကြတာ အားလုံး အသိဖြစ်ပါတယ်။   မြေရှားသတ္တုတူးတာဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့အတွက် ဘိုးဘေးစဉ်ဆက်နေထိုင်ခဲ့တဲ့ ဒိန်ဆင်းပါဒေသကို ကာကွယ်လိုတဲ့ ဒေသခံတွေဟာ ကချင်လွတ်မြောက်ရေးအဖွဲ့...

ဖားကန့်တွင် စစ်ကောင်စီတပ်က ပြည်သူနှစ်ဦးကို ပစ်သတ်

စစ်ကောင်စီတပ်က ယမန်နေ့ည ၁၁ နာရီခန့်က ဖားကန့်မြို့ မော်မောင်းလယန်ကျေးရွာအနီးတွင် ပြည်သူနှစ်ဦးကို ပစ်သတ်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ ၁၆ ဦးသေဆုံး

ကရင်နီတော်လှန်ရေးပူပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီစစ်ကြောင်းတို့အကြား ဒီးမော့ဆိုမြို့ အရှေ့ဘက်ခြမ်းတွင် ယမန်‌နေ့က တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးကြောင်း သိရသည်။

မိုးညှင်းမြို့က လောင်းကစားဝိုင်း ဝင်ရောက်စီးနင်းခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်ရှိ လောင်းကစားဝိုင်းဖွင့်ထားသည့် နေအိမ်တစ်အိမ်ကို ယမန်နေ့ ညနေလေးနာရီခန့်က အမည်မသိလက်နက်ကိုင်အဖွဲ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ကားတစ်စီးကို မီးရှို့ဖျက်ဆီး

စစ်ကောင်စီလက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဖားကန့်မြို့နယ်၊ ဘန်ကောက်ကျေးရွာအနီး ကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသောပြည်ကြီးတံခွန်ဆရာတော် ပျောက်ဆုံးနေ

စစ်ကောင်စီတပ်က မြင်းမူမြို့နယ်တွင် ဖမ်းဆီးသွားသော ပြည်ကြီးတံခွန်ဆရာတော်ကို တစ်ပတ်ခန့်ကြာသည်အထိ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေကြောင်းသိရသည်။