The 74 Media

ကရင်နီပြည်နယ်တွင် စစ်ကောင်စီစခန်းတစ်ခု တိုက်ခိုက်ခံခဲ့ရပြီး ခြောက်ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ် ဟွေအွမ်စစ်ကောင်စီစခန်း တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးခဲ့ကာ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

KIA နှင့် KPDF ပူးပေါင်းပြီး ဘိန်းခင်းဧက ရာဂဏန်းကို ဖျက်ဆီးနိုင်ခဲ့ဟုဆို

ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယာန်ကျေးရွာအနီးရှိ ဘိန်းခင်းများကို ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် KPDF တပ်ဖွဲ့တို့ပူးပေါင်းကာ လိုက်လံဖျက်ဆီးနေကြောင်း သိရသည်။

မိုးညှင်းမြို့မရဲစခန်း တိုက်ခိုက်ခံရ၊ လက်နက်ကြီးလက်နက်ငယ်သံများ ထွက်ပေါ်ခဲ့ဟုဆို

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ မြို့မရဲစခန်း ယနေ့ နံနက် ငါးနာရီခန့်က တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ပူတာအိုတွင် မူးယစ်ဆေးဝါး ပေါ်ပေါ်တင်တင် ရောင်းချနေ၊ ရွှေမှော်များတွင် ပိုမိုရောင်းချရလွယ်သည်ဟုဆို

ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးများကို ပေါ်ပေါ်တင်တင်ရောင်းချနေသောကြောင့် အမြန်ဆုံးဖမ်းဆီးအရေးယူပေးရန် ဒေသခံများလိုလားနေကြောင်း  သိရသည်။

စစ်ကောင်စီတပ်က ချောဆွဲသည်ကို ငြင်းဆန်ခဲ့သည့် စက်လှေပိုင်ရှင် ဖမ်းဆီးခံရ

စစ်ကောင်စီတပ်က ချောဆွဲသည်ကို ငြင်းဆန်ခဲ့သည့် ရွှေကူမြို့နယ်မှ စက်လှေပိုင်ရှင်တစ်ဦး မတ်လ ၅ ရက်နေ့ ညနေက ဖမ်းဆီးခံရကြောင်း သိရသည်။

ခင်ဦးတွင် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ယနေ့ နေ့လယ် ၁၁ နာရီခန့်က အသက် ၈ နှစ်အရွယ် ကလေးသူငယ်တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အရပ်သားများကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းက ပြည်သူသုံးဦးကို ထပ်မံသတ်ဖြတ်

မြင်းမူမြို့နယ်၊ တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ နှစ်ဦးကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းက ယနေ့နံနက် အစောပိုင်းက ပြည်သူသုံးဦးကို ထပ်မံသတ်ဖြတ်ခဲ့ကြောင်းသိရသည်။

ရတနာပုံတံတားပေါ်မှ သံဃာတော်တစ်ပါး ခုန်ချ၊ အခြားရေဆိပ်တစ်နေရာတွင်လည်း ကိုရင်တစ်ပါး ရေနစ်သေဆုံး

ရတနာပုံဧရာဝတီမြစ်ကူးတံတားပေါ်မှ သံဃာတစ်ပါး ခုန်ချမှုဖြစ်ပွားခဲ့ပြီး အခြားကိုရင်တစ်ပါးလည်း ရေချိုးရင်း ရေနစ်သေဆုံးမှု ယမန်နေ့ ညနေပိုင်းက စစ်ကိုင်းမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရ

ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုအနီး ယမန်နေ့ည ၁၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုဗေဒဆေးဝါး တင်လာသည့် ကားကို KIA ဖမ်းဆီး

ဘိန်းချက်ရာတွင် အသုံးပြုသော ဓာတုဗေဒပစ္စည်းများတင်လာသည့် ကားတစ်စီးကို ကချင်လွတ်မြောက်ရေးတပ် (KIA) က မတ်လ ၂ ရက်နေ့ ည ၉ နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

PDF ထောက်ပံ့သည်ဟုဆိုကာ အင်းတော်ဒေသခံ ၁၀ ဦးထက်မနည်းဖမ်းဆီးခံရ၊ အများစုမှာ ဈေးသည်ဖြစ်သည်ဟုဆို

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှ ပြည်သူ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံတဝှမ်း အမျိုးသမီးများဖမ်းဆီးခံရမှု ယခင်ထက်ပိုမိုများပြားလာသည်ဟုဆို

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက အမျိုးသမီး ဖမ်းဆီးခံရမှု အရေအတွက်မှာ ယခင်လများထက် သိသိသာသာတိုးလာကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့က ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။