The 74 Media

ဖားကန့်တွင် ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာ မှော်ရှန်ရပ်ကွက်တွင် ယမန်နေ့ ညနေ ခြောက်နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။

NUG ခန့်အပ်ထားသည့် တိုက်နယ်အုပ်ချုပ်ရေးမှူးတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရသည်ဟုဆို

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)က ခန့်အပ်ထားသည့် မြောင်မြို့နယ်၊ မြို့မတိုက်နယ်အုပ်ချုပ်ရေးတာဝန်ခံကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားသည်မှာ ငါးရက်ခန့်ရှိပြီဖြစ်ကြောင်းသိရသည်။

မြစ်ကြီးနားတွင် ယာဉ်တိုက်မှုဖြစ်ပြီး ငါးဦးဒဏ်ရာရ

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် ယနေ့ည ၈ နာရီခန့်က ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး လူငယ်ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖားကန့်တွင်ဖမ်းဆီးခံခဲ့ရသည့် လူ ၁၀၀ ကျော် အားလုံးပြန်လွတ်ပြီ

ဖားကန့်မြို့ အေးမြသာယာအုပ်စု ရှရော်ခကျေးရွာတွင် မတ်လ ၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များဖမ်းဆီးသွားသည့် ပြည်သူ ၁၃၀ ခန့် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ချောင်းဦးဒေသခံ နှစ်ဦးသေဆုံး

စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကလေးသူငယ်တစ်ဦးအပါအဝင် ချောင်းဦးဒေသခံနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဝိုင်းမော်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းသေဆုံး၊ မိုးကောင်းမြို့နယ်တွင်လည်း ယာဉ်တိုက်မှု နှစ်မှုဖြစ်ပွား

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မုတ်လွဲကျေးရွာအနီးတွင် ယနေ့ နံနက် ၁၀ နာရီခန့်က ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

ဝိုင်းမော်တွင် အမျိုးသားတစ်ဦး လူမှားပြီး ဓါးခုတ်ခံရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ယမန်နေ့ ည ၁၁ နာရီခန့်က အမျိုးသားတစ်ဦးကို အမည်မသိလူလေးဦးက လူမှားပြီး ဓားခုတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အင်းတော်မြို့တွင် မိုင်းမတော်တဆမှုကြောင့် PDF နှစ်ဦး ကျဆုံး

ကင်းလှည့်လာသည့် စစ်ကောင်စီရဲကားကို မိုင်းခွဲတိုက်ခိုက်ရန်ပြင်ဆင်နေစဉ် မတော်တဆပေါက်ကွဲမှုဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)နှစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဆိုင်ခန်းအခွန်ခများ နှစ်နှစ်စာ စုပေါင်းပေးဆောင်ရန် ဈေးသည်များကို ဖိအားပေးသဖြင့် အခက်ကြုံနေ

မိုးကောင်းမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ဆိုင်ခန်းအခွန်ခများကို နှစ်နှစ်စာ စုပေါင်းပေးဆောင်ရန် ဖိအားပေးမှုများရှိနေသောကြောင့် ဈေးသည်များအခက်အခဲဖြစ်နေကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် ပျူစောထီးစခန်းတစ်ခု တိုက်ခိုက်ခံရပြီး သေဆုံးသူ များပြားဟုဆို

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းကို ယမန်နေ့ နံနက် လေးနာရီခန့်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့ဝင် သုံးဆယ်ဦးခန့် သေဆုံးခဲ့ကြောင်းသိရသည်။

ကင်းထောက်လှမ်းသည့် CDF – KKG တပ်ဖွဲ့နှစ်ဦးပစ်ခတ်ခံရပြီး တစ်ဦးကျဆုံး၊ တစ်ဦးဒဏ်ရာပြင်းထန်

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသောနေရာသို့ သွားရောက်ကင်းထောက်သည့် CDF – KKG တပ်ဖွဲ့ဝင်တစ်ဦး ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က ကလေးမြို့တွင် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယင်းမာပင်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်ပွားပြီး ငါးဦးထက်မနည်းသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီခန့် စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်းသိရသည်။