The 74 Media

ဝိုင်းမော်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းသေဆုံး၊ မိုးကောင်းမြို့နယ်တွင်လည်း ယာဉ်တိုက်မှု နှစ်မှုဖြစ်ပွား

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မုတ်လွဲကျေးရွာအနီးတွင် ယနေ့ နံနက် ၁၀ နာရီခန့်က ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

ဝိုင်းမော်တွင် အမျိုးသားတစ်ဦး လူမှားပြီး ဓါးခုတ်ခံရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ယမန်နေ့ ည ၁၁ နာရီခန့်က အမျိုးသားတစ်ဦးကို အမည်မသိလူလေးဦးက လူမှားပြီး ဓားခုတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အင်းတော်မြို့တွင် မိုင်းမတော်တဆမှုကြောင့် PDF နှစ်ဦး ကျဆုံး

ကင်းလှည့်လာသည့် စစ်ကောင်စီရဲကားကို မိုင်းခွဲတိုက်ခိုက်ရန်ပြင်ဆင်နေစဉ် မတော်တဆပေါက်ကွဲမှုဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)နှစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဆိုင်ခန်းအခွန်ခများ နှစ်နှစ်စာ စုပေါင်းပေးဆောင်ရန် ဈေးသည်များကို ဖိအားပေးသဖြင့် အခက်ကြုံနေ

မိုးကောင်းမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ဆိုင်ခန်းအခွန်ခများကို နှစ်နှစ်စာ စုပေါင်းပေးဆောင်ရန် ဖိအားပေးမှုများရှိနေသောကြောင့် ဈေးသည်များအခက်အခဲဖြစ်နေကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် ပျူစောထီးစခန်းတစ်ခု တိုက်ခိုက်ခံရပြီး သေဆုံးသူ များပြားဟုဆို

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းကို ယမန်နေ့ နံနက် လေးနာရီခန့်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့ဝင် သုံးဆယ်ဦးခန့် သေဆုံးခဲ့ကြောင်းသိရသည်။

ကင်းထောက်လှမ်းသည့် CDF – KKG တပ်ဖွဲ့နှစ်ဦးပစ်ခတ်ခံရပြီး တစ်ဦးကျဆုံး၊ တစ်ဦးဒဏ်ရာပြင်းထန်

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသောနေရာသို့ သွားရောက်ကင်းထောက်သည့် CDF – KKG တပ်ဖွဲ့ဝင်တစ်ဦး ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က ကလေးမြို့တွင် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယင်းမာပင်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်ပွားပြီး ငါးဦးထက်မနည်းသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီခန့် စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီလက်နက်ကြီးစခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်၊ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

ကရင်နီပြည်နယ် ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးစခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် နှစ်လအတွင်း လူ ၁၀ ဦးထက်မနည်း လုပ်ကြံသတ်ဖြတ်ခံရပြီး အရပ်သား ၁၀၀ ကျော်ဖမ်းဆီးခံရ

ဖားကန့်မြို့နယ်တွင် နှစ်လအတွင်း ပြည်သူ ၁၀ ဦးထပ်မနည်း သတ်ဖြတ်ခံခဲ့ရပြီး ဒေသခံပြည်သူ ၁၀၀ ကျော်ခန့် ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

နောင်ခိုင်စက်လှေဂိတ်မှူးနှစ်ဦး ငွေကြေး အတင်းအဓမ္မကောက်ခံနေပြီး ရိုင်းစိုင်းစွာပြောဆို ဆက်ဆံနေဟုဆို

ပူတာအိုမြို့နယ် မလိခမြစ်ဘေးရှိ နောင်ခိုင်ကျေးရွာ စက်လှေဂိတ်မှ ဂိတ်မှူးနှစ်ဦးသည် ခရီးသည်များနှင့် စက်လှေမောင်းနှင်သူများအပေါ် ငွေကြေးအတင်းအဓမ္မကောက်ခံနေကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွား

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမကြီးပေါ်တွင် ယနေ့ မွန်းလွှဲ တစ်နာရီခွဲခန့်က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

မြစ်ကြီးနား နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားသူများပြား

မြစ်ကြီးနားမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်ကာ နိုင်ငံကူးလက်မှတ်များကို အကန့်အသတ်ဖြင့် ထုတ်ပေးနေပြီး မတ်လ ၁၃ ရက်နေ့အထိ ရက်ချိန်းများပြည့်နေကြောင်း သိရသည်။