The 74 Media

ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရ

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင်ယမန်နေ့က အရပ်သားပြည်သူနှစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ရွှေကူတွင် အရပ်သားနှစ်ဦးသေပြီး သုံးဦးဒဏ်ရာရ

စစ်ကောင်စီတပ်က လေကြာင်းမှတိုက်ခိုက်ခဲ့သဖြင့် ရွှေကူမြို့နယ်တွင် ယမန်နေ့ မွန်းလွှဲ ၃ နာရီခန့်က အမျိုးသားနှစ်ဦးသေဆုံးပြီး အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းက ဖားကန့်ဒေသခံ ၇၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွား

မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီစစ်ကြောင်းက ဖားကန့်ဒေသခံပြည်သူ ၇၀ ခန့်ကို ယမန်နေ့ညနေ ၅ နာရီခွဲခန့်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

လဝါးကျေးရွာတွင် လူသတ်မှုကျူးလွန်သူများကို KIA ဖမ်းဆီးစစ်ဆေးနေသည်ဟုဆို

ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာတွင် ပြည်သူကိုးဦး ဖမ်းဆီးသတ်ဖြတ်ခံခြင်းနှင့် ပတ်သက်ပြီး ကျူးလွန်သူများကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ဖမ်းဆီးစစ်ဆေးနေကြောင်းသိရသည်။

စစ်ကောင်စီတပ်က သတ်ဖြတ်ထားသည့် ခေါင်းမပါသည့် ရုပ်အလောင်းတစ်လောင်း ပုလဲမြို့တွင် တွေ့ရှိ

စစ်ကောင်စီတပ်က သတ်ဖြတ်ထားသည့် ခေါင်းမပါသည့် ရုပ်အလောင်းတစ်လောင်းကို ပုလဲမြို့နယ်တွင် ယမန်နေ့နံနက် ၁၁ နာရီခန့်က ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။ တစ်လကျော်ကြာပျောက်ဆုံးနေသည့် အဆိုပါအမျိုးသား၏ရုပ်အလောင်းကို ကြောင်ဝင်ဒူးရွာအနီးရှိချောင်းဘေးတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင် ကိုဂဏန်းက...

ကောင်းခါးတွင် TNLA ဝင်ရောက်တပ်စွဲသဖြင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများစိုးရိမ်၊ TNLA ၏ လုပ်ရပ်သည် နယ်မြေချဲ့ထွင်ခြင်းဖြစ်သည်ဟု ဒေသခံကချင်လူထုပြော

ကွတ်ခိုင်မြို့နယ်ရှိ ကောင်းခါးအခြေစိုက် ဌာနေပြည်သူ့စစ်နယ်မြေသို့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ဝင်ရောက်တပ်စွဲကာ စခန်းပြုလုပ်ရန်ပြင်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြပြီး အဆိုပါလုပ်ရပ်သည် နယ်မြေချဲ့ထွင်ခြင်းဖြစ်သည်ဟု ဒေသခံကချင်လူထုက ပြောသည်။

သဲကျောက်လုပ်ငန်းလုပ်နေသည့် လူငယ်သုံးဦးကို စစ်ကောင်စီတပ်က PDF ဟုစွပ်စွဲကာ ဖမ်းဆီး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ လက်ပံတန်းကျေးရွာတွင် ယမန်နေ့ ညနေခြောက်နာရီခွဲခန့်က သဲကျောက်လုပ်ငန်းလုပ်ကိုင်နေသည့် လုပ်သားသုံးဦးကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဆဒုံတွင် ဟင်းစာရှာဖွေသော မိန်းကလေးတစ်ဦး မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ

ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ မာကျားကျေးရွာမှ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး ယမန်နေ့ မွန်းလွှဲ သုံးနာရီခန့်က မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားတွင် ဘုန်းကြီးကျောင်းရှေ့ရပ်ထားသည့် တုန်ဟုန်းကားတစ်စီး ခိုးယူခံရ

မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်တွင် ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က တုန်ဟုန်းကားတစ်စီး ခိုးယူခံခဲ့ရကြောင်းသိရသည်။

ကန့်ဘလူတွင် တစ်ရက်အတွင်း မိုင်းများနင်းမိသောကြောင့် ဆယ်ကျော်သက်တစ်ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရ

မြေမြုပ်မိုင်းများနင်းမိသဖြင့် ယမန်နေ့က ကန့်ဘလူမြို့နယ်တောင်ပိုင်းတွင် အသက် ၁၅ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးသေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ယနေ့ နေ့လယ် တစ်နာရီက လူနေထိုင်ခြင်းမရှိသည့် နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီပူးပေါင်းတပ်စခန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း BPLA ထုတ်ပြန်

ကေအန်ယူတပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီပူးပေါင်းတပ်စခန်းတစ်ခုကို ယနေ့နံနက် ၅ နာရီခန့်က မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)က ယနေ့နေ့စွဲဖြင့်ထုတ်ပြန်ထားသည်။