The 74 Media

သတ်ဖြတ်ခံရသည့် ယင်းမာပင်ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းပြန်တွေ့

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ယမန်နေ့ နံနက် ၁၁ နာရီခွဲက စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်ခဲ့သည့် ကာကွယ်ရေးရဲဘော်နှစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ယင်းမာပင်တွင် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံး

စစ်ကောင်စီစစ်ကြောင်းက သေနတ်ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

ကန့်ဘလူတွင် စစ်ကောင်စီပူးပေါင်းတပ်က ဒေသခံ ၁၇ ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာတွင် အထိုင်ချသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် ဒေသခံအမျိုးသား ၁၇ ဦးကို သတ်ဖြတ်ခဲ့ကာ ရုပ်အလောင်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်ရှိ ကျေးရွာ နှစ်ရွာတွင် ကလေးငယ်များအပါအဝင် ဒေသခံများ ဝမ်းပျက်ဝမ်းလျောရောဂါခံစားနေရ၊ ဆေးဝါးများလိုအပ်နေဟုဆို

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်ရှိ ဖယ်ခုံမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် ကလေးများအပါအဝင် ဒေသခံများ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားလျက်ရှိပြီး ခုနှစ်လသားအရွယ် ကလေးသူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးထိမှန်သဖြင့် ဖားကန့်ဒေသခံတစ်ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုတွင် ယနေ့နံနက် ၈ နာရီခွဲခန့်က ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တပ်စခန်း မီးရှို့ဖျက်ဆီးခံရသဖြင့် ပုလဲကာကွယ်ရေးတပ်ဖွဲ့ အကူအညီလိုအပ်နေ

ပုလဲမြို့နယ်ရှိ ကာကွယ်ရေးတပ်စခန်းကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးလိုက်သဖြင့် တော်လှန်ရေးဆက်လက်လုပ်ဆောင်နိုင်ရန် အကူအညီများလိုအပ်နေကြောင်း သိရသည်။

အင်းတော်နှင့် ဗန်းမောက်မြို့နယ်တွင် တော်လှန်ရေးအဖွဲ့အချို့ သစ်ခိုးခုတ်နေသည်ကို ဒေသခံများ ကန့်ကွက်

စစ်ကိုင်းတိုင်း၊ အင်းတော်နှင့် ဗန်းမောက်မြို့နယ်အတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့(ပအဖ) များကအခွန်ကောက်ကာ သစ်ခိုးထုတ်နေသည့်အတွက် ဒေသခံများ ကန့်ကွက်နေကြောင်း သိရသည်။

ဖားကန့်တွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကို အကြောင်းမဲ့ပစ်ခတ်၊ နှစ်ဦးကို ဖမ်းဆီး

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် ယမန်နေ့ည ၁၀ နာရီခွဲခန့်က စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဝိုင်းမော်တွင် အသက် လေးနှစ်အရွယ် ကလေးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်တာလောကျေးရွာတွင် အသက် လေးနှစ်အရွယ် ကလေးသူငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း သိရသည်။

မံစီတွင် စစ်ကောင်စီတပ်နှင့် KIA ကြား တိုက်ပွဲပြင်းထန်နေ

ကချင်လွတ်မြောက်ရေးတပ် (KIO/KIA) နယ်မြေသို့ စစ်ကောင်စီတပ်ဖွဲ့များဝင်ရောက်လာသဖြင့် မံစီမြို့နယ်တွင် လေးရက်ဆက်တိုက် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။

ကျေးရွာအထိ ရွှေတူးဖော်လာသဖြင့် ပူတာအိုဒေသခံများ ကန့်ကွက်

ဒေသခံများ၏ စိုက်ပျိုးမြေဧရိယာအတွင်း စက်ယန္တရားကြီးများအသုံးပြုကာ ရွှေတူးဖော်လာနေသဖြင့် ပူတာအိုမြို့နယ်၊ အင်လွယ်ယန်ကျေးရွာဒေသခံများ ကန့်ကွက်နေကြောင်းသိရသည်။