စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မဘိမ်းမြို့နယ်မှ သံဃာတော်တစ်ပါး၊ ကလေးသူငယ်တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦးသေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ယမန်နေ့ည ခုနှစ်နာရီခန့်က သံဃာတော်တစ်ပါးနှင့်ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦးသေဆုံးခဲ့ကြောင်းသိရသည်။