The 74 Media

ဆွမ်ပရာဘွမ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ အဓိကထားခုခံနေ၊ စစ်ကောင်စီတပ်စခန်း တစ်ခုသာကျန်

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့က ဆွမ်ပရာဘွမ်မြို့အတွင်း တစ်ခုတည်းကျန်သော စစ်ကောင်စီတပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း‌ လေကြောင်း ပစ်ကူများဖြင့် ခုခံနေကြောင်း သိရသည်။

နမ္မတီးတွင် ဘာသာရေးဆရာတစ်ဦးကို အမည်မသိလူတစ်စုက ပစ်ခတ်သတ်ဖြတ်

မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့နေ ဘာသာရေးဆရာတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားသုံးဦးက ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် လာရောက်ပစ်သတ်သွားကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်ခဲ့သည့် တာမခန်ကျေးရွာတွင် ဒေသခံများ၏ နေအိမ် ၄၀၀ ကျော်ခန့် မီးလောင်ပျက်စီး

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တစ်လခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည့် ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာတွင် နေအိမ်လေးရာခန့်မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူများက ရှင်းလင်းရေးလုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

မီးကြိုးမကြာခဏ ခိုးယူခံရသဖြင့် ဖားကန့်ဒေသခံများ ကိုယ်ထူကိုယ်ထကာကွယ်နေရ

လျှပ်စစ်မီးကြိုးဖြတ်ကာခိုးယူမှု မကြာခဏဖြစ်ပွားလေ့ရှိသော ဖားကန့်မြို့၊ လုံးခင်းကျေးရွာရှိ ဒေသခံပြည်သူများက ကိုယ်ထူကိုယ်ထကာကွယ်မှုများပြုလုပ်နေရကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်ကို KIA ထိုးစစ်ဆင်

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က တနိုင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့နံနက် ၅ နာရီအချိန်ခန့်မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်က မုံရွာတွင် နေအိမ် ၄၀၀ ခန့်မီးရှို့ပြီး ဒေသခံလေးဦးကို မီးရှို့သတ်ဖြတ်

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာကို စစ်ကြောင်းထိုးမီးရှို့ခဲ့သောကြောင့် အိမ်ခြေလေးရာကျော်ခန့်မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံလေးဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဝိုင်းမော်တွင် ကုန်တင်ယာဉ်နှစ်စီးတိုက်မိပြီး ခုနှစ်ဦးဒဏ်ရာရ၊ တစ်ဦးဒဏ်ရာပြင်းထန်

ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာတွင် ယနေ့ မွန်းလွှဲ ၁ နာရီခန့်က ယာဉ်တိုက်မှုကြောင့် ကားပေါ်မှပြုတ်ကျသည့် ပြည်သူခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

စစ်ရေးအရအရေးပါပြီး စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်လေ့ရှိသည့် စခန်းကုန်းကို KIA တိုက်ခိုက်သိမ်းပိုက်

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးရှိ ဘွမ်ရယ်ဘွမ် (Bumre Bum) စစ်ကောင်စီတပ်စခန်းကို ယနေ့နေ့လယ် တစ်နာရီခွဲခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်တွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူရယူပြီးခုခံနေ၊ တိုက်ပွဲဆက်လက်ပြင်းထန်

တိုက်ပွဲပြင်းထန်နေသော ဆွမ်ပရာဘွမ်မြို့ပေါ်တွင် စစ်ကောင်စီတပ်က ယမန်နေ့ညနေမှ ယနေ့ နံနက်အထိ တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်နေကြောင်းသိရသည်။

ဗန်းမော်လေဆိပ်မှ လေယာဉ်များ ပြန်လည်ပြေးဆွဲပြီ

ဗန်းမော်မြို့မှအခြားမြို့များသို့သွားရောက်မည့် လေကြောင်းခရီးစဉ်များကို ယနေ့မှစပြီးပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့တွင် စစ်ကောင်စီတပ်က စခန်းစွန့်ခွာထွက်ပြေး၊ KIA ပူးပေါင်းတပ်က စခန်းမီးရှို့သိမ်းပိုက်

စစ်ကောင်စီတပ်က ၁၀ နှစ်ကျော်ကြာ တပ်စွဲနေထိုင်နေသည့် ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာရှိ တန် ၃၀၀၀ စခန်းမှ တပ်ဖွဲ့ဝင်များ ထွက်ပြေးသွားသောကြောင့် ကချင်လွတ်မြောက်ရေးတပ် (KIA) က စခန်းကို...

မြစ်ကြီးနားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အမျိုးသားတစ်ဦးကို ပစ်ခတ်

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးနေသည့်အတွက် ဆိုင်ကယ်ပြန်လှည့်မောင်းသွားသည့် အမျိုးသားတစ်ဦး ယမန်နေ့ မွန်းလွှဲ ၃ နာရီခန့်က မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။