The 74 Media

လေကြောင်းအဓိကထား တိုက်ခိုက်သဖြင့် ကနီမှ တော်လှန်ရေးတပ်များ ဆုတ်ခွာ

တိုက်ပွဲပြင်းထန်ခဲ့သည့် ကနီမြို့ကို တော်လှန်ရေးပူးပေါင်းတပ်က တပ်ဆုပ်ခဲ့ရပြီး စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် မြို့ ၇၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားပြီဖြစ်ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့ရှိ စစ်ကောင်စီစခန်းကို KIA ပူးပေါင်းတပ်က စတင်ထိုးစစ်ဆင်

ဆွမ်ပရာဘွမ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

ကာမိုင်းမြို့တွင် တိုက်ခိုက်ခံရမည်ကိုစိုးရိမ်သဖြင့် စစ်ကောင်စီတပ်က အဝင်အထွက်လမ်းများကိုပိတ်၊ ဒေသခံများကို လူသားဒိုင်းပြုလုပ်လိုသဖြင့် ပိတ်ပင်သည်ဟုဆို

ဖားကန့်မြို့နယ်၊ ထွယ်ဆန်ယန်ကျေးရွာနှင့် ကောင်ရာရွာတွင် အထိုင်ချနေရာယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့နံနက် ၁၀ နာရီခန့်မှစတင်ကာ ကာမိုင်းမြို့အဝင်အထွက်လမ်းများကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့ကြောင်း သိရသည်။

မွေ့ရာအတွင်းကွယ်ဝှက်သယ်ဆောင်လာသော ကျပ်သိန်း ၁၅၀၀ ခန့်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

ကချင်ပြည်နယ်အဝင် နန့်စီးအောင်စစ်ဆေးရေးဂိတ်တွင် မွေ့ရာအတွင်းကွယ်ဝှက်သယ်ဆောင်လာသည့် ကျပ်သိန်း ၁၅၀၀ ခန့်တန်ဖိုးရှိသော ဘိန်းဖြူများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့(CCDAC Myanmar) ၏ ထုတ်ပြန်ချက်အရသိရသည်။

ယင်းမာပင်တွင် စစ်ကောင်စီတပ်၏လက်နက်ကြီးကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်းဒဏ်ရာရ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ယမန်နေ့ ညနေ လေးနာရီခွဲခန့်က ယင်းမာပင်မြို့နယ်၊ စည်လှော်ကျေးရွာမှ ဒေသခံ လေးဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့နယ်မှ စစ်ကောင်စီစခန်းတစ်ခုကို KIA သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးဟုဆို

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့ကြောင်း သိရသည်။

အောင်မြေ (၂) တွင် ပိတ်မိနေသည့် ပြည်သူများကို ကယ်ထုတ်၊ စစ်ကောင်စီက ပြည်သူများကို အမျိုးမျိုးစစ်ဆေးဟုဆို

တိုက်ပွဲတွေကြားပိတ်မိနေသည့် ဝိုင်းမော်မြို့နယ် အောင်မြေ (၂) ကျေးရွာဒေသခံများကို ယနေ့နေ့လယ် ၂ နာရီခန့်တွင် ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပြင်တွင် စစ်ကောင်စီတပ်နှင့် KIA တိုက်ပွဲပြန်လည်ဖြစ်ပွား

စစ်ကောင်စီစစ်ကြောင်း ထိုးလာသောကြောင့် မြစ်ကြီးနားမြို့ပြင်တွင် ယနေ့နံနက် ၉ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် ထိတွေ့တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြေရှားသတ္ထုတူးနေတဲ့အနီးတစ်ဝိုက် တောရိုင်းတိရိစ္ဆာန်သေဆုံးမှုရှိနေ

  မိုးမောက်မြို့နယ်က မြေရှားသတ္တုတူးဖော်တဲ့နေရာတစ်ဝိုက်မှာ အခုရက်ပိုင်းအတွင်း တောရိုင်းတိရစ္ဆာန်တွေသေဆုံးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။  

ဝိုင်းမော်တွင် လက်လွတ်ခဲ့ရသည့် စခန်းပြန်ရရေး စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေ

စစ်ရှောင်ပြည်သူများပိတ်မိနေသည့် ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၂ ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရွံ့ကန်ပေါက်ကျမှုတွင် ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေရန် ခက်ခဲနေ

ဖားကန့်မြို့၊ အေးမြသာယာအုပ်စု၊ မနကျေးရွာတွင် ယမန်နေ့က နွံကန်ပေါက်ကျစဉ် ပျောက်ဆုံးနေသူ ၁၅ ဦးထက်မနည်းရှိသော်လည်း ရှာဖွေမှုဆက်လုပ်ရန် အခက်အခဲများရှိနေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဟိုပင်တွင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ည ၉ နာရီခွဲဝန်းကျင်တွင် ဟိုပင်မြို့အတွင်း လက်နက်ကြီး၊ လက်နက်ငယ် ရမ်းသမ်းပစ်ခတ်သံများကြားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။