The 74 Media

ဗန်းမော်မြို့ရှိစစ်ရှောင်စခန်းမှ ဘာသာရေးဆရာတစ်ဦးအပါအဝင် အမျိုးသား ၁၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ဗန်းမော်မြို့ရှိ ရောဘတ်စစ်ရှောင်စခန်းမှ ဘာသာရေးဆရာတစ်ဦးအပါအဝင် အမျိုးသား ၁၇ ဦးကို စစ်ကောင်စီတပ်က ယနေ့နံနက် ၁ နာရီခွဲခန့်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့သို့ စစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်းကို KIA တိုက်ခိုက်

စခန်းသိမ်းခံရသည့် ဆွမ်ပရာဘွမ်မြို့သို့ စစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်း ယမန်နေ့ညနေ ၅ နာရီခန့်တွင် တိုက်ခိုက်ခံရပြီး ကားတစ်စီးပျက်စီးသွားကြောင်း သိရသည်။

မြစ်ကြီးနားတွင် ရိုက်နှက်သတ်ဖြတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့

လက်ကြိုးတုတ်ကာ ရိုက်နက်သတ်ဖြတ်ခံထားရသည့် အမျိုးသားတစ်ဦး၏အလောင်းကို မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက လာရောက်စွန့်ပစ်ထားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားသဖြင့် တာမခန်စခန်းကို KIA ပူးပေါင်းတပ်က သိမ်းဆည်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်များစွန့်ပစ်ကာ ထွက်ပြေးသွားသဖြင့် ဖားကန့်မြို့၊ တာမခန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်က ယနေ့ညနေပိုင်းတွင် သိမ်းဆည်းလိုက်ကြောင်း သိရသည်။

ဦးရွှေမင်း၏အသုဘကို လူတစ်ရာခန့်ဖြင့် လုံခြုံရေးတင်းကြပ်စွာ ပြုလုပ်ခဲ့ဟုဆို

တိုက်ပွဲတွင်သေဆုံးသွားခဲ့သော ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း၏ အသုဘကို မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်ရှိ ရွှေဒူးလေးကုမ္ပဏီရုံးတွင် လူဦးရေတစ်ရာခန့်ဖြင့် လုံခြုံရေးတင်းကြပ်စွာပြုလုပ်ခဲ့ကြောင်းသိရသည်။

ဒရုန်းကြောင့် ဝိုင်းမော်မြို့နယ်တွင် သက်ကြီးရွယ်အိုနှစ်ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရ၊ ပြည်သူများ တိုက်ပွဲကြားပိတ်မိနေဆဲဟုဆို

စစ်ကောင်စီတပ်၏ ဒရုန်းကြောင့် ဝိုင်းမော်မြို့နယ် အောင်မြေ ၂ ကျေးရွာမှ သက်ကြီးရွယ်အို အမျိုးသမီးနှစ်ဦး ယနေ့ သေဆုံးခဲ့ကာ ကလေးငယ်နှစ်ဦးအပါအဝင် စုစုပေါင်း သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူများတိုက်ပွဲကြားတွင် ပိတ်မိနေဆဲဖြစ်ကြောင်းသိရသည်။

လိုင်ဇာအနီးရှိ စစ်ရေးအရအရေးပါသည့် စစ်ကောင်စီတပ်စခန်းကုန်း နှစ်ခုကို KIA ထပ်မံသိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ အလံဖြူထောင်

KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးရှိ ကစဲန်ကောင် (Kasen Kawng) စစ်ကောင်စီစခန်းနှင့် ခယာဘွမ်(Hkaya Bum)စခန်းကို ယနေ့ နေ့လယ် တစ်နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က...

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးထိမှန်သဖြင့် ဗန်းမော်ဒေသခံတစ်ဦးသေဆုံး၊ အချို့ဒဏ်ရာရ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ယမန်နေ့ ညနေ ၄ နာရီခန့်က ဗန်းမော်မြို့တွင် အမျိုးသမီးတစ်ဦးသေဆုံးပြီး အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားလေဆိပ်မှ လေကြောင်းခရီးစဉ်များ အားလုံးပယ်ဖျက်၊ လေဆိပ်ယာယီပိတ်ထား

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေသောကြောင့် မြစ်ကြီးနားလေဆိပ်မှ လေကြောင်းခရီးစဉ်များအားလုံး ယနေ့မှစတင်ကာ အရေးပေါ်ပယ်ဖျက်လိုက်ကြောင်းသိရသည်။

တိုက်ပွဲကြောင့် မြစ်ကြီးနား – ပူတာအိုကားလမ်းပိတ်၊ ခင်ဒူယာန်ကျေးရွာတွင် ခရီးသည်ကားအချို့ ပိတ်မိနေဟုဆို

တိုက်ပွဲအခြေအနေကြောင့် မြစ်ကြီးနား – ပူတာအိုလမ်းကို ယနေ့နံနက်မှစတင်ကာ သွားလာခွင့်ယာယီပိတ်ထားကြောင်း ကားသမားများထံမှသိရသည်။

စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ဝိုင်းမော်ဒေသခံတစ်ထောင်ကျော် ပိတ်မိနေ

တိုက်ပွဲပြင်းထန်နေသည့် ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) ကျေးရွာအနီးစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ ၁၀၀၀ ကျော်ခန့် ပိတ်မိနေကြောင်းသိရသည်။

ခ.လ.ရ ၃၂၁ မှ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကူစစ်ကြောင်းကို KIA ကြားဖြတ်တိုက်ခိုက်

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာအခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ) ၃၂၁ မှ ကားသုံးစီးဖြင့်ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။