ဖားကန့် တာမခံရဲစခန်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်၊ တိုက်ပွဲဆက်လက်ပြင်းထန်နေ
ဖားကန့်မြို့နယ် တာမခံကျေးရွာရဲစခန်းကို ယမန်နေ့ည ၆ နာရီခွဲခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် (KPDF) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရသည်။