The 74 Media

ရွှေညောင်ပင်စစ်ရှောင်များ၏ နေအိမ်များ မကြာခဏမီးလောင်ပျက်စီးနေ၊ ရှို့မီးဖြစ်သည်ဟု ဒေသခံများပြော

တိုက်ပွဲကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် နေထိုင်သူမရှိသည့် ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာတွင် နေအိမ်မီးလောင်မှု မကြာခဏဖြစ်ပွားနေသောကြောင့် ဒေသခံပြည်သူအချို့က နေရပ်ပြန်ကာ ကျေးရွာလုံခြုံရေးအတွက် လုပ်ဆောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်က ခြုံခိုတိုက်ခိုက်သဖြင့် CNDF ဒုစစ်ဦးစီးချုပ်အပါအဝင် သုံးဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ခြုံခိုတိုက်ခိုက်ခံရသောကြောင့် ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) ဒုစစ်ဦးစီးချုပ်အပါအဝင် ရဲဘော် ၃ ဦး ယမန်နေ့က ကျဆုံးခဲ့ကြောင်း သိရသည်။

မူဆယ်တွင် ဒေသခံတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေနှစ်ဖက်ဆုံးရှုံး

မူဆယ်မြို့၊ မန့်မိုင်ကျေးရွာတွင် တံမြတ်စည်းပင်ခုတ်ရန်သွားသည့်အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်း နင်းမိသောကြောင့် ခြေထောက်နှစ်ဖက် ဖြတ်လိုက်ရကြောင်း သိရသည်။

ရဲစခန်းလက်လွတ်လိုက်ရသဖြင့် ပြည်သူများ၏နေအိမ်များတွင် တပ်စွဲထားသည့် ကျားဘီလူးစစ်ကြောင်းထပ်မံတိုက်ခိုက်ခံရ

တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ယမန်နေ့ည ၈ နာရီခန့်မှစတင်ကာ ယနေ့နံနက် ၅ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့လှမြို့အတွင်းမှ ဆုတ်ခွာသွား၊ မြို့ကိုတော်လှန်ရေးပူးပေါင်းတပ်က ထိန်းချုပ်ထားသည်ဟုဆို

စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး ယနေ့နံနက်ပိုင်းအချိန်ကစတင်ကာ ရွှေကူမြို့နယ်၊ မြို့လှမြို့မှ ဆုတ်ခွာသွားသဖြင့် မြို့ကို တော်လှန်ရေးပူးပေါင်းတပ်က ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

မော်လူးတွင် စစ်ကောင်စီစစ်ကြောင်းထိုးမည့်သတင်းကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများစိုးရိမ်

  တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် မော်လူးမြို့ကို စစ်ကောင်စီစစ်ကြောင်းထိုးမည့်သတင်းကြောင့် ဒေသခံများစိုးရိမ်နေကြပြီး အချို့က ပစ္စည်းများပြောင်းရွှေ့နေကြကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ခိုးယူခံရမှုများ ပိုမိုဖြစ်ပေါ်လာ၊ ရဲတိုင်လည်း မထူးသဖြင့် အများစုတိုင်ကြားခြင်းမရှိ

မြစ်ကြီးနားမြို့တွင် ကား၊ ဆိုင်ကယ် ခိုးယူခံရမှုများ မကြာခဏဖြစ်ပေါ်နေသော်လည်း သက်ဆိုင်ရာက ထိရောက်သည့် အရေးယူမှုများဆောင်ရွက်ပေးခြင်းမရှိသောကြောင့် ခိုးယူခံရသူအများစုက တိုင်ကြားခြင်းမရှိကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မံစီမြို့နယ်ရှိ စစ်ရှောင်များ အရေးပေါ်အကူအညီလိုအပ်နေ

စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မံစီမြို့နယ်ရှိ ကျေးရွာခြောက်ရွာမှ ပြည်သူများ နေရပ်သို့မပြန်နိုင်သေးသဖြင့် အစားအသောက်နှင့် အဝတ်အထည်များ အရေးပေါ် အကူအညီလိုအပ်နေကြောင်း သိရသည်။

ရွှေဘိုတွင် စစ်ကောင်စီတပ်က နေအိမ် ၂၅၀ ကျော်ကို အကြောင်းမဲ့မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အနောက်ဘက်ခြမ်းရှိ အိမ်ခြေ ၂၅၀ ကျော်ခန့်ကို စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

တရားမဝင်ကုန်သွယ်မှု တစ်နှစ်ထက်တစ်နှစ် ပိုများလာ

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က တရားမဝင်ကုန်သွယ်မှုကနေ ကျပ်ငွေ ၁၃၅ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။  

ဂါးရာယန်ကျေးရွာတွင် တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီစစ်ကြောင်းက ဆမားဇုံနယ်နှစ်ခြင်းအသင်းချုပ်ရုံးတွင် ဝင်ရောက်တပ်စွဲထား

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ဝိုင်းမော်မြို့နယ်၊ ဂါးရာယန်ကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် စစ်ကောင်စီစစ်ကြောင်း ယနေ့ နံနက် ၁၀ နာရီခန့်မှစတင်ကာ ကဇူးကျေးရွာရှိ ဆမားဇုံနယ် KBC နှစ်ခြင်းအသင်းတော်ရုံးအတွင်း...

စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးတွင်ဒေသခံသုံးဦးသေ

ကလေးမြို့၊ မွန်းလိုင်ရပ်ကွက်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ပြည်သူ သုံးဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။