The 74 Media

ထိုင်းနိုင်ငံသို့ထွက်ပြေးလာသည့် မြန်မာနိုင်ငံသားများကို အလုပ်လုပ်ကိုင်ခွင့်ပေးရန် ထိုင်းလွှတ်တော်အမတ်တစ်ဦး တောင်းဆို

ပုံ – ထိုင်းနိုင်ငံသို့ အထောက်အထားမဲ့ ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသားများကို တွေ့ရစဉ်။ (ဓါတ်ပုံ – PIYARAT CHONCHAROEN)   စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံသို့ထွက်ပြေးဝင်ရောက်လာသူများကို...

ပင်လည်ဘူးတွင် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ယနေ့ နံနက် ၄ နာရီခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရပ်ထားသည့်သုံးဘီးကို ဝင်တိုက်မိပြီး အမျိုးသားတစ်ဦး ဇက်ကျိုးသေဆုံး

ရပ်ထားသောသုံးဘီဆိုင်ကယ်ကို ဝင်တိုက်မိသည့် ဆိုင်ကယ်မောင်းနင်သူအမျိုးသားတစ်ဦး ယနေ့ ညနေ ၅ နာရီခန့်က ဝိုင်းမော်မြို့တွင် သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်ခဲ့တဲ့ မိုးမိတ်မြို့မှာ သတ်ဖြတ်ခံထားရတဲ့ အရပ်သားအလောင်းတွေတွေ့

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၂၅ ရက်နေ့က သိမ်းပိုက်ခဲ့ပေမဲ့ စစ်ကောင်စီတပ်ကပြန်လည်တပ်စွဲထားတဲ့ မိုးမိတ်မြို့မှာ ပုပ်ပွနေတဲ့ အရပ်သားအလောင်းတွေ၊ လူအရိုးစုတွေ တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တန့်ဆည်တွင် စစ်ကောင်စီတပ်၏ ပူးပေါင်းတပ်စခန်းတစ်ခုကို တော်လှန်ရေးတပ်က တိုက်ခိုက်သိမ်းပိုက်

တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာရှိ ရဲစခန်းနှင့် စစ်ကောင်စီစခန်းကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ပြန်လည်စစ်ကြောင်းထိုးနေကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးနှစ်ဦး ထိတ်လန့်သေဆုံး

စစ်ရေးဆက်လက်တင်းမာနေသည့် မံစီမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် သက်ကြီးရွယ်အိုအချို့ ထိပ်လန့်သေဆုံးခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်လေလံတင်ရောင်းချရာတွင် ပါဝင်သူအားလုံးကို အရေးယူမည်ဟု NUG ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို လေလံတင်ရောင်းချရာတွင် ပါဝင်သူအားလုံးကို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ဟု NUG ၏ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ယနေ့နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

မြစ်ကြီးနားတွင် ဓားဒဏ်ရာရရှိထားသောအမျိုးသားတစ်ဦးကို ဆိုင်ကယ်ဖြင့် စွန့်ပစ်သွား၊ တစ်နာရီကျော်အကြာတွင် သေဆုံး

ဆိုင်ကယ်တစ်စီးဖြင့် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်တွင် ယနေ့မွန်းလွှဲ တစ်နာရီခန့်တွင် လာရောက်စွန့်ပစ်ခဲ့သော ဓားဒဏ်ရာနှင့်အမျိုးသားတစ်ဦး တစ်နာရီခန့်အကြာတွင် သေဆုံးသွားကြောင်းသိရသည်။

ကချင်ပြည်နယ်သို့ ခရီးသွားလာသည့် အခြားဒေသမှလူငယ်များ မကြာခဏဖမ်းဆီးခံနေရ

စစ်မှုမထမ်းမနေရ ဥပဒေအာဏာတည်ကြောင်း ထုတ်ပြန်ကြေညာပြီးနောက် ကချင်ပြည်နယ်သို့လာရောက်သည့် လမ်းတစ်လျှောက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ခရီးသွားလူငယ်အချို့ ဖမ်းဆီးခံနေရကြောင်း သိရသည်။

စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေ၊ ၁၂ ဦးအရှင်မိဟုဆို

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့်ပူးပေါင်းတပ်တို့ ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် စီခမ်းကြီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး ၁၂ ဦးခန့်အရှင်ဖမ်းမိခဲ့ကြောင်း KIA သတင်းရင်းမြစ်များထံမှသိရသည်။

အင်းတော်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်

အင်းတော်မြို့နယ်တွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က ယနေ့မွန်းလွှဲ ၁၂ နာရီခန့်တွင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စီခမ်းကြီးတိုက်ပွဲတွင် KPDF တပ်ဖွဲ့ဝင်ခြောက်ဦးကျဆုံး

မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲတွင် KPDF တပ်ဖွဲ့ဝင် ခြောက်ဦးကျဆုံးခဲ့ပြီး ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။