The 74 Media

မော်လူးတွင် စစ်ကောင်စီစစ်ကြောင်းထိုးမည့်သတင်းကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများစိုးရိမ်

  တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် မော်လူးမြို့ကို စစ်ကောင်စီစစ်ကြောင်းထိုးမည့်သတင်းကြောင့် ဒေသခံများစိုးရိမ်နေကြပြီး အချို့က ပစ္စည်းများပြောင်းရွှေ့နေကြကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ခိုးယူခံရမှုများ ပိုမိုဖြစ်ပေါ်လာ၊ ရဲတိုင်လည်း မထူးသဖြင့် အများစုတိုင်ကြားခြင်းမရှိ

မြစ်ကြီးနားမြို့တွင် ကား၊ ဆိုင်ကယ် ခိုးယူခံရမှုများ မကြာခဏဖြစ်ပေါ်နေသော်လည်း သက်ဆိုင်ရာက ထိရောက်သည့် အရေးယူမှုများဆောင်ရွက်ပေးခြင်းမရှိသောကြောင့် ခိုးယူခံရသူအများစုက တိုင်ကြားခြင်းမရှိကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မံစီမြို့နယ်ရှိ စစ်ရှောင်များ အရေးပေါ်အကူအညီလိုအပ်နေ

စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မံစီမြို့နယ်ရှိ ကျေးရွာခြောက်ရွာမှ ပြည်သူများ နေရပ်သို့မပြန်နိုင်သေးသဖြင့် အစားအသောက်နှင့် အဝတ်အထည်များ အရေးပေါ် အကူအညီလိုအပ်နေကြောင်း သိရသည်။

ရွှေဘိုတွင် စစ်ကောင်စီတပ်က နေအိမ် ၂၅၀ ကျော်ကို အကြောင်းမဲ့မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အနောက်ဘက်ခြမ်းရှိ အိမ်ခြေ ၂၅၀ ကျော်ခန့်ကို စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

တရားမဝင်ကုန်သွယ်မှု တစ်နှစ်ထက်တစ်နှစ် ပိုများလာ

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က တရားမဝင်ကုန်သွယ်မှုကနေ ကျပ်ငွေ ၁၃၅ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။  

ဂါးရာယန်ကျေးရွာတွင် တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီစစ်ကြောင်းက ဆမားဇုံနယ်နှစ်ခြင်းအသင်းချုပ်ရုံးတွင် ဝင်ရောက်တပ်စွဲထား

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ဝိုင်းမော်မြို့နယ်၊ ဂါးရာယန်ကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် စစ်ကောင်စီစစ်ကြောင်း ယနေ့ နံနက် ၁၀ နာရီခန့်မှစတင်ကာ ကဇူးကျေးရွာရှိ ဆမားဇုံနယ် KBC နှစ်ခြင်းအသင်းတော်ရုံးအတွင်း...

စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးတွင်ဒေသခံသုံးဦးသေ

ကလေးမြို့၊ မွန်းလိုင်ရပ်ကွက်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ပြည်သူ သုံးဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံသို့ထွက်ပြေးလာသည့် မြန်မာနိုင်ငံသားများကို အလုပ်လုပ်ကိုင်ခွင့်ပေးရန် ထိုင်းလွှတ်တော်အမတ်တစ်ဦး တောင်းဆို

ပုံ – ထိုင်းနိုင်ငံသို့ အထောက်အထားမဲ့ ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသားများကို တွေ့ရစဉ်။ (ဓါတ်ပုံ – PIYARAT CHONCHAROEN)   စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံသို့ထွက်ပြေးဝင်ရောက်လာသူများကို...

ပင်လည်ဘူးတွင် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ယနေ့ နံနက် ၄ နာရီခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရပ်ထားသည့်သုံးဘီးကို ဝင်တိုက်မိပြီး အမျိုးသားတစ်ဦး ဇက်ကျိုးသေဆုံး

ရပ်ထားသောသုံးဘီဆိုင်ကယ်ကို ဝင်တိုက်မိသည့် ဆိုင်ကယ်မောင်းနင်သူအမျိုးသားတစ်ဦး ယနေ့ ညနေ ၅ နာရီခန့်က ဝိုင်းမော်မြို့တွင် သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်ခဲ့တဲ့ မိုးမိတ်မြို့မှာ သတ်ဖြတ်ခံထားရတဲ့ အရပ်သားအလောင်းတွေတွေ့

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၂၅ ရက်နေ့က သိမ်းပိုက်ခဲ့ပေမဲ့ စစ်ကောင်စီတပ်ကပြန်လည်တပ်စွဲထားတဲ့ မိုးမိတ်မြို့မှာ ပုပ်ပွနေတဲ့ အရပ်သားအလောင်းတွေ၊ လူအရိုးစုတွေ တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တန့်ဆည်တွင် စစ်ကောင်စီတပ်၏ ပူးပေါင်းတပ်စခန်းတစ်ခုကို တော်လှန်ရေးတပ်က တိုက်ခိုက်သိမ်းပိုက်

တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာရှိ ရဲစခန်းနှင့် စစ်ကောင်စီစခန်းကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ပြန်လည်စစ်ကြောင်းထိုးနေကြောင်း သိရသည်။