The 74 Media

မြစ်ကြီးနားမြို့မှ အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီ၏ လူသစ်စုဆောင်းရေးတွင် မပါဝင်ရန် သတိပေး

မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီ၏ လူသစ်စုဆောင်းရေးတွင် ပါဝင်ပတ်သက်ခြင်း မပြုရန်သတိပေးကြောင်း NBPDF မြို့ပြပြောက်ကျားတပ်ဖွဲ့က ယမန်နေ့ညက သတင်းထုတ်ပြန်လိုက်သည်။

မိုးမောက်တွင် ကလေးနှစ်ဦးအပါအဝင်မိသားစုဝင်လေးဦးကို သတ်ဖြတ်ခဲ့သူ ထွက်ပြေးလွတ်မြောက်နေ

မိုးမောက်မြို့နယ်တွင် ကလေးနှစ်ဦးအပါအဝင်မိသားစုဝင်လေးဦးကို သတ်ဖြတ်ခဲ့သည့်အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ကြောင်းသိရသည်။

တမူးမြို့နယ်ရှိစစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ဒုတိယအကြိမ်တိုက်ခိုက်သိမ်းပိုက်

တမူးမြို့နယ်၊ အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို ဖေဖော်ဝါရီလ ၉ ရက်နေ့ညမှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး...

စစ်ကြောင်းမှူးသေသွားသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို KIA ပူးပေါင်းတပ်က ထပ်မံတိုက်ခိုက်

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ စစ်ကောင်စီတပ်၏ ယမ်းချက်စက်ရုံအနီး ယနေ့ နံနက် ၁၁ နာရီခွဲခန့်မှစတင်ကာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

မြောက်ဦးအခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို AA ထုတ်ပြန်

ရက္ခိုင့်တပ်တော် (AA) က မြောက်ဦးမြို့နယ် အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၇၇ နှင့် ၃၇၈) တို့ကို အပြီးသတ်သိမ်းပိုက်စဉ်က သိမ်းဆည်းရမိခဲ့သည့် လက်နက်ဓာတ်ပုံများကို ယနေ့...

စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရသူထဲမှ နှစ်ဦးသေဆုံး

တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်မြို့နယ်၊ ကျောက်ဖျာကျေးရွာအနီးသို့ စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသူအချို့ ယမန်‌နေ့က ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်၏ စစ်သင်္ဘောများကို AA ထုတ်ပြန်

ရက္ခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်၏ စစ်သင်္ဘောနှစ်စီးနှင့်...

ဝိုင်းမော်တွင် လုယက်သတ်ဖြတ်ခံရသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့

ဝိုင်းမော်မြို့နယ် အင်ဂန်းကျေးရွာအထက် သဲဝိုင်ကျေးရွာအနီးရှိ မေခမြစ်ဘေးတွင် ရိုက်သတ်ခံထားရသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ စံပြတွင် နေအိမ် သုံးလုံးမီးလောင်ကျွမ်း

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် စံပြနယ်မြေတွင် ယနေ့ မွန်းလွှဲ ၄ နာရီခန့် နေအိမ်သုံးလုံးမီးလောင်ကျွမ်းမှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားတွင် လူငယ်အမျိုးသားတစ်ဦး ဧရာဝတီမြစ်အတွင်း အဆုံးစီရင်၊ အသည်းကွဲသောကြောင့်ဟုဆို

လူငယ်အမျိုးသားတစ်ဦး ဧရာဝတီမြစ်ဆိပ်ထဲဆင်းကာ အဆုံးစီရင်သည့်ဖြစ်စဉ် မြစ်ကြီးနားမြို့တွင် ယမန်နေ့ည ၆ နာရီအချိန်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် ကျောက်ဖျာကျေးရွာအနီးတွင် စစ်ကောင်စီနှင့် KIA တိုက်ပွဲပြင်းထန်နေ

ဖားကန့်မြို့နယ် ကျောက်ဖျာကျေးရွာအနီးတွင် ယနေ့ နံနက် ၆ နာရီခန့်မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ဆင်ဘိုမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်နေ၊ မြို့အတွင်း KIA ဝင်ရောက်ပြီဟုဆို

မြစ်ကြီးနားမြို့နယ် ဧရာဝတီမြစ်ဘေး ဆင်ဘိုမြို့အနီးရှိ စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ) (၁၄၁) ကို ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်မဟာ ၈ လက်အောက်ခံ တပ်ရင်း (၅) က...