The 74 Media

ကန့်ဘလူတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါးအပါအဝင် ရှစ်ဦးဒဏ်ရာရ၊ စေတီပုထိုးများ ထိခိုက်ပျက်စီး

ကန့်ဘလူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်ခဲ့သောကြောင့် ဘုန်းကြီးတစ်ပါးအပါအဝင် ဒေသခံရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စေတီပုထိုးများထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

လုံးခင်းနှစ်မျက်နှာဘုရားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြားနေရာသို့ပြောင်းရွှေ့သွား၊ တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများစိုးရိမ်

ဖားကန့်မြို့၊ လုံးခင်းကျေးရွာရှိ နှစ်မျက်နှာဘုရားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြားနေရာသို့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်ရှိ နန့်တိန်စစ်ကောင်စီစခန်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ အလောင်း ၈ လောင်းတွေ့ဟုဆို

ဖားကန့်မြို့နယ်၊ နန့်တိန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် ပဋိပက္ခနှင့်ဆက်စပ်သေဆုံးသူ ၄၀၀ ကျော်ရှိသည်ဟုဆို

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများနှင့် ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် သုံးနှစ်တာကာလအတွင်း ပြည်သူ ၄၅၀ နီးပါးသေဆုံးခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် စစ်ကောင်စီတပ်စခန်းကို KIA ဆက်လက်တိုက်ခိုက်၊ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးသံများ ဆက်လက်ထွက်ပေါ်နေ

ဖားကန့်မြို့၊ နန့်တိန်ကျေးရွာတွင် ယနေ့ နံနက် ၆ နာရီခန့်မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်းသိရသည်။

ဗန်းမော်တွင် ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြမ်းဖက်ဖမ်းဆီး၊ နေအိမ်ကို မီးရှို့

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ည ၁၀ နာရီခန့်တွင် ဗန်းမော်မြို့၊ ခွန်သာရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ ပြည်သူတစ်ဦးကို ကြိုးတုပ်ဖမ်းဆီးသွားပြီး အိမ်ကို မီးရှို့သွားကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်တွင် SNA က လူသစ်စုဆောင်းသော်လည်း အသေများသဖြင့် ဝင်ရောက်လိုသူမရှိ၊ ဝင်ရောက်သူများကိုပေးရန်ဟုဆိုကာ ငွေကြေးကောက်ခံနေ

ရှမ်းနီအမျိုးသားများတပ် (SNA) က ဆယ်အိမ်စုတစ်စုလျှင် လူငါးဦးပေးရမည်ဟု ဟုမ္မလင်းမြို့နယ်တွင် အဓမ္မ လူသစ်စုဆောင်းခဲ့သော်လည်း ဝင်ရောက်လာသူမရှိသောကြောင့် တပ်သို့ဝင်ရောက်လာသူကိုပေးရန်ဟုဆိုကာ ငွေကြေးလိုက်လံကောက်ခံနေကြောင်း သိရသည်။

KIA နှင့်ပူးပေါင်းတပ်များက တစ်လအတွင်း စစ်ကောင်စီစခန်း ၁၃ ခုထက်မနည်းကို သိမ်းဆည်းရမိခဲ့ပြီး ရဟတ်ယာဉ်တစ်စီးနှင့် တိုက်လေယာဉ်တစ်စီးပစ်ချ

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် မဟာမိတ်တပ်များက ဇန်နဝါရီတစ်လအတွင်း ကချင်နှင့် ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၁၃ ခုကို သိမ်းဆည်းရမိခဲ့ပြီး လေယာဉ်နှစ်စီးပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် စစ်ကောင်စီတပ်ကို KIA နှင့် ပူးပေါင်းတပ်က တိုက်ခိုက်

ဖားကန့်မြို့၊ နန့်တိန်ကျေးရွာတွင် ယနေ့ညနေ ၄ နာရီခန့်မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက ပြည်သူသုံးဦးကို သတ်ဖြတ်ပြီး PDF များဟု ဝါဒဖြန့်

ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က စစ်ရှောင်အမျိုးသားသုံးဦးကို သတ်ဖြတ်သွားပြီး ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီနှင့် KIA တိုက်ပွဲဖြစ်ပွား

ဝိုင်းမော်မြို့နယ် ကဇူးယန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်(AA)က မြောက်ဦးအခြေစိုက်စစ်ကောင်စီ၏ ခမရ (၅၄၀) တပ်ရင်း တိုက်ခိုက်သိမ်းပိုက်

ရက္ခိုင့်တပ်တော်(AA)က မြောက်ဦးအခြေစိုက်စစ်ကောင်စီ၏ ခမရ (၅၄၀) တပ်ရင်းအား ဇန်နဝါရီလ (၃၀) ရက်နေ့ ညပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ယနေ့ သတင်းထုတ်ပြန်လိုက်သည်။