The 74 Media

TNLA က စစ်ဆေးရေးဂိတ်တည်ဆောက်မည်ဟုဆိုကာ ဒေသခံပြည်သူများ၏ နေအိမ်ခြံဝင်းများကို အဓမ္မတူးဖော်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ္မတူမြို့နယ်တွင် စစ်ဆေးရေးဂိတ်တည်ဆောက်ရန်ဟုဆိုကာ ဒေသခံပြည်သူများ၏ နေအိမ်ခြံဝင်းကို ဘက်ဖိုးဖြင့်တူးဖော်နေကြောင်း သိရသည်။

လုံးခင်းကျေးရွာတွင် သတ်ဖြတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့

ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စုတွင် ယနေ့ နံနက် ၉ နာရီခန့်က လည်ပင်းပြတ်ရှဒဏ်ရာဖြင့် အသတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း တွေ့ရှိခဲ့ကြောင်းသိရသည်။

ဗန်းမော်မြို့တွင် ညမထွက်ရအမိန့်ထုတ်၊ ပြည်သူ နှစ်ရာကျော်ကို ငွေညစ်ရန်အကြောင်းမဲ့ဖမ်းဆီးထားဟုဆို

ဗန်းမော်မြို့တွင် စစ်ကောင်စီက နှစ်ရက်အတွင်း လူ ၂၀၀ ကျော်ဖမ်းဆီးခဲ့ပြီးနောက် ယနေ့မှစတင်ကာ ညနေ ၄ နာရီ မှ နံနက် ၄ နာရီအချိန်အတွင်း ညမထွက်ရအမိန့်...

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့က ပျက်ကျခဲ့သည့် စစ်ကောင်စီတပ်၏ FTC2000G တိုက်လေယာဉ်အမှတ် 1405 ကိုတွေ့ရပုံ

အဆိုပါ FTC2000G တိုက်လေယာဉ်အမှတ် 1405 မှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ တပ်တော်ဝင်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်လေးဦးသတ်ဖြတ်ခံရပြီး ရွာမီးရှို့ဖျက်ဆီးခံရ

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်က စစ်ကိုင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦးကိုသတ်ဖြတ်သွားပြီး ကျေးရွာကိုမီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

လဝါးကျေးရွာတွင် သတ်ဖြတ်ခံရသည့် ပြည်သူကိုးဦး၏ တစ်နှစ်ပြည့်ဆုတောင်းအစီအစဉ်ပြုလုပ်၊ တရားမျှတမှုရရှိရန် မိသားစုဝင်များလိုလားနေ

ဖားကန့်မြို့နယ်၊ လဝါးကျေးရွာတွင် သတ်ဖြတ်ခံခဲ့ရသည့် ပြည်သူကိုးဦး၏ တစ်နှစ်ပြည့် အောင်းမေ့သတိရ ဆုတောင်းအစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီခန့်က နမ္မတီးမြို့တွင် ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

ရှမ်းနီပြည်သူ့စစ်က ဖမ်းဆီးသွားသည့်ဒေသခံနှစ်ဦး ပြန်လည်လွတ်မြောက်လာခြင်းမရှိသေး

ရှမ်းနီပြည်သူ့စစ်က ယမန်နေ့ည ၄ နာရီခန့်တွင် ဖမ်းဆီးသွားသည့် မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့မှ ဒေသခံပြည်သူနှစ်ဦး လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

AA က ပေါက်တောမြို့ကို အလုံးစုံထိန်းချုပ်လိုက်ကြောင်း သတင်းထုတ်ပြန်

ရခိုင်ပြည်နယ် ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် (AA) က အလုံးစုံထိန်းချုပ်ထားပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့ည ၁၂ နာရီခန့်က ထုတ်ပြန်ကြေညာခဲ့သည်။

နမ့်ဖတ်ကာအခြေစိုက် ခ.လ.ရ (၁၂၃) ကို KIA အပြီးသတ်တိုက်ခိုက်သိမ်းပိုက်

နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီ၏ ခ.လ.ရ (၁၂၃) အထိုင်တပ်ရင်းစခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ယနေ့ညနေတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

လူသစ်စုဆောင်းနေသည့် စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ်ကို တော်လှန်ရေးအဖွဲ့ကတိုက်ခိုက်၊ ဒေသခံအများစု စစ်ရှောင်နေ

အဓမ္မလူသစ်စုဆောင်းနေသည့် စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား နန့်မွန်းမြို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေသောကြောင့် ယနေ့ နံနက်ပိုင်းမှစတင်ကာ တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်နေကြောင်း သိရသည်။

ပူတာအိုတွင် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့များက လူသစ်စုဆောင်းပြီး စည်းရုံးမှုများရှိနေ

ပူတာအိုဒေသအတွင်း မိမိဒေသကိုကာကွယ်ရန်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့များက လူသစ်စုဆောင်းပြီး စည်းရုံးလှုံ့ဆော်မှုများရှိနေကြောင်း သိရသည်။

ဝက်လက်မြို့နယ်တွင် ဒေသခံများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး စားနပ်ရိက္ခာများကို ခိုးယူ

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝက်လက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူတို့၏ နေအိမ်များကို ယနေ့ နံနက် ၃ နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး သိုလှောင်ထားသော စားနပ်ရိက္ခာများ ယူဆောင်သွားကြောင်း သိရသည်။