The 74 Media

ကန့်ဘလူမြို့နယ် စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းစခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီး လက်နက်အချို့သိမ်းဆည်းရမိ

ကန့်ကလူမြို့နယ်၊ တင်ငုတ်ကြီးကျေးရွာရှိ စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက်အစောပိုင်းက သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားတွင် ကျောက်ခဲဖြင့်ထုနှက်ပြီး လမ်းဘေးတွင် စွန့်ပစ်ထားသော ပိုင်ရှင်မဲ့လူနာတစ်ဦးတွေ့ရှိ

မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်တွင် ယနေ့နံနက် ခြောက်နာရီခွဲခန့်က ကျောက်ခဲဖြင့်ထုနှက်ခံထားရသောကြောင့် ဒဏ်ရာပြင်းထန်စွာရရှိထားသော အမည်မသိအမျိုးသားတစ်ဦးကိုတွေ့ရှိခဲ့ကြောင်းသိရသည်။

“နိုင်ငံရေးမှာ လူမျိုးမရှိဘူး။ ဓမ္မနဲ့ အဓမ္မပဲရှိတယ်” – ဦးအားတီယောဟန် (လီဆူနိုင်ငံရေးသမား)

ဇန်နဝါရီလ ၈ ရက်နေ့က ဝိုင်းမော်မြို့နယ်မှာရှိတဲ့ ကျေးရွာတစ်ရွာမှာ စစ်ဘက်အရပ်ဘက်ဆိုင်ရာ လီဆူအမျိုးသားစုစည်းရေးတာဝန်ခံ ဦးအားတီယောဟန်က ပြည်သူတွေကို သွားရောက်တွေ့ဆုံခဲ့စဉ် အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။  

မိုးကောင်းတွင် PDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ စားသောက်ဆိုင်တစ်ဆိုင်ကို စစ်ကောင်စီ ချိပ်ပိတ်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ရှိ ရွှေပီတိစားသောက်ဆိုင်ပိုင်ရှင်ကို ဖမ်းဆီးခဲ့ပြီးနောက် ငါးလခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်း၏ နေအိမ်နှင့်စားသောက်ဆိုင်ကို ယနေ့ နံနက်ပိုင်းက ချိပ်ပိတ်ခဲ့ကြောင်းသိရသည်။

ကျောက်စိမ်းကုမ္ပဏီများ၏ စည်းကမ်းမဲ့ မြေစာစွန့်ပစ်မှုများကြောင့် ရှာရော်ခကျေးရွာနေပြည်သူများအခက်တွေ့

ကျောက်စိမ်းကုမ္ပဏီများက ဖားကန့်မြို့ ရှရော်ခကျေးရွာအတွင်း ညသန်းခေါင်ယံအချိန် လာရောက်မြေစာစွန့်ပစ်သည့် ဆူညံသံများကြောင့် ဒေသခံပြည်သူများက ညအိပ်မရဘဲ အခက်အခဲဖြစ်နေကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ဖိုင်ဘာအင်တာနက်လိုင်းများ အချို့နေရာတွင်ပြန်ရသော်လည်း နေရာအချို့တွင် လိုင်းမကောင်းသေး

မြစ်ကြီးနားမြို့တွင် ဖိုင်ဘာအင်တာနက်လိုင်းအချို့ ယနေ့ညနေ ၄ နာရီခန့်မှစတင်ကာ ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့မရဲစခန်းအနီး ဗုံးသုံးလုံးထက်မနည်းပေါက်ကွဲ

ဖားကန့်မြို့ရှိ မြို့မရဲစခန်းအနီးတွင် ယနေ့မွန်းလွှဲ ၁ နာရီခန့်က ဗုံးသုံးလုံးထက်မနည်း‌ ပေါက်ကွဲခဲ့ကြောင်းသိရသည်။

တမူးတွင် စစ်ကောင်စီတပ်က ပေါင် ၂၅၀ ဗုံး လေးလုံးကြဲသဖြင့် ကလေးနှစ်ဦးအပါအဝင် ကိုးဦးသေဆုံး

တမူးမြို့နယ်၊ ကနန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီခွဲခန့်အချိန်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးသူငယ်နှစ်ဦးအပါအဝင် ဒေသခံ ကိုးဦးသေဆုံးသွားကြောင်းသိရသည်။

ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီဗျူဟာကုန်းကို AA တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်၊ ကျော်တော်မြို့နယ်ရှိ “တောင်ရှည်တောင် ဗျူဟာကုန်းကြီး”ကို ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ကြောင်းသိရသည်။

လောက်ကိုင်က စစ်ကောင်စီတပ်သားထောင်ချီ အထုတ်ပိုက်ပြီး ထွက်ခွာ

ဒကစ(လောက်ကိုင်) က အရာရှိ (၂၂၈) ဦး၊ ဗိုလ်မှူးချုပ်အဆင့်ရှိသူ (၆) ဦး၊ အခြားအဆင့် (၁၈၉၅) ဦးအပြင် နမ်ထင်းမိန်ရှန်းစခန်းကုန်းက တပ်ဖွဲ့ဝင် (၂၆၆) ဦးနဲ့...

တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဟိုပန်မြို့တွင် UWSA တပ်က အလံလွှင့်ထူထား

ညီနောင်မဟာမိတ်တပ်ဖွဲ့က ယနေ့နံနက် ၁၀ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဟိုပန်မြို့တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ဝင်ရောက်လာပြီး မြို့လယ်တွင်အလံလွှင့်ထူထားကြောင်း သိရသည်။