The 74 Media

မချမ်းဘော့မြို့ အင်ခါဂါးကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေး

ပူတာအိုမြို့နယ် မချမ်းဘော့မြို့၊ အင်ခါဂါးကျေးရွာမှ စစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက KIA တပ်ဖွဲ့ပစ်ခတ်မည်ကို စိုးရိမ်ပြီး ယခုအပတ်အတွင်း စခန်းစွန့်ခွာထွက်ပြေးသွားကြောင်းသိရသည်။

အပစ်ရပ်ရေးသဘောတူညီမှုရယူထားသော်လည်း စစ်ကောင်စီတပ်စခန်းနှင့် မြို့များဆက်တိုက်သိမ်းပိုက်ခံရ

စစ်ကောင်စီဘက်က ဘာတွေလိုက်လျောပေးခဲ့ရသလဲဆိုတာကို အသေးစိတ်မသိရသေးပေမဲ့ ဆွေးနွေးမှုအပြီး ၁၅ ရက်တာအပစ်ရပ်ဖို့ သဘောတူညီမှုရခဲ့တာဟာ မဟာဗျူဟာအရရော၊ နည်းဗျူဟာအရပါအဘက်ဘက်က ကျရှုံးနေတဲ့ စစ်ကောင်စီတပ်အတွက် အသက်ရှူချောင်သွားစေတဲ့ ‘တိုင်းမ်အောက်’ (timeout) ဒါမှမဟုတ်...

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆင်ဘိုတွင် နှစ်ဦးသေဆုံး၊ သံဃာတစ်ဦးအပါအဝင် လေးဦးဒဏ်ရာရ

KIA ကပြည်သူ့စစ်စခန်းတိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တာလောကြီးကျေးရွာအနီးရှိ ဆင်ဘိုမြို့နယ် ဆွမ်ဒူကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှလေးကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူနှစ်ဦးသေဆုံးခဲ့ပြီး သံဃာတော်တစ်ပါးအပါအဝင် လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စခန်းသိမ်းပိုက်ခံရစဉ် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများက ငိုယိုပြီး တပ်စခန်းသို့လိုက်ပို့ခိုင်းသည်ဟုဆို

ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ပြည်သူ့စစ်စခန်းမှ ထွက်ပြေးလာသူဟု ယူဆရသည့် တပ်သားရှစ်ဦး ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဒေသခံပြည်သူများကို စစ်ကောင်စီတပ်သို့လိုက်ပို့ခိုင်းခဲ့ကြောင်း သိရသည်။

စစ်ရေးတင်းမာနေသည့် ဝိုင်းမော်မြို့နယ်တွင် ဒေသခံအချို့ထွက်ပြေးတိမ်းရှောင်၊ အရေးပေါ်လူသားချင်းစာနာမှုအကူအညီများလိုအပ်နေ

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာလျက်ရှိသည့် ဝိုင်းမော်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ရွှေညောင်ပင်ကျေးရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

နမ့်ခမ်းတိုက်ပွဲတွက် TNLA ၅၀ နီးပါးကျဆုံး၊ စစ်ကောင်စီဗိုလ်မှူးအလောင်းလည်းတွေ့

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့သိမ်းတိုက်ပွဲတွင် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)မှ တပ်ဖွဲ့ဝင် ၄၉ ကျဆုံးပြီး ၁၄၅ ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

တိုက်ပွဲများဖြစ်ပွားနေသော်လည်း မြစ်ကြီးနားတွင် ဂီတပွဲတော်ကျင်းပရန်ပြင်ဆင်နေ

ကချင်ပြည်နယ်အနှံ့အပြားတွင် တိုက်ပွဲများမကြာမဏဖြစ်ပွားနေသော်လည်း Dragon Music Festival ဟုအမည်ပေးထားသည့် ဂီတပွဲတော်ကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မြစ်ကြီးနားမြို့ မိုးလုံလေလုံကွင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် စစ်ကောင်စီတပ်စခန်းအနီးရှိ နေအိမ်တစ်အိမ်မှ အိမ်စီးကားတစ်စီးခိုးယူခံရ

မြစ်ကြီးနားမြို့ စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ ၃၇ တပ်စခန်းအနီးရှိ နေအိမ်တစ်အိမ်တွင် ယမန်နေ့ မွန်းလွှဲ ၂ နာရီခွဲခန့်က အိမ်စီးကားတစ်စီးခိုးယူခံခဲ့ရကြောင်း သိရသည်။

ခါမ်းပါတ်မြို့တွင် စစ်ကြောင်းထိုးစဉ်ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို တော်လှန်ရေးတပ်ဖွဲ့များ ဖမ်းမိ

တမူးမြို့နယ်၊ ခါမ်းပါတ်မြို့သို့ စစ်ကြောင်းထိုးလာပြီး ပြန်လည်ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ငါးဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့ကို TNLA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်

နမ့်ခမ်းမြို့တွင် တစ်ခုတည်းကျန်ရှိနေသည့် စစ်ကောင်စီစခန်းသစ်ဗျူဟာကုန်းကို တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ယမန်နေ့ညက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီးကြောင့် ဗန်းမော်တွင် ကလေးတစ်ဦးအပါအဝင်နှစ်ဦးသေ

စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ယနေ့ ညနေ ၆ နာရီခန့်က ဗန်းမော်မြို့တွင် ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မှန်းချက်နဲ့နှမ်းထွက်မကိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ အပစ်ရပ်ရေးသဘောတူညီမှု

အားကစားပြိုင်ပွဲတွေမှာ အကြိတ်အနယ်ယှဉ်ပြိုင်ကြတဲ့အခါ ကိုယ့်ရဲ့နည်းဗျူဟာပြင်ဆင်ပြောင်းလဲဖို့ဖြစ်စေ၊ အချိန်တိုအနားယူဖို့ပဲဖြစ်စေ ‘တိုင်းမ်အောက်’ (Timeout) ခေါ်လေ့ရှိပါတယ်။