The 74 Media

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက နေအိမ်မီးရှို့၊ ဒေသခံငါးထောင်ခန့် ထွက်ပြေးနေ

ဒီပဲယင်းမြို့နယ် အရှေ့ဘက်အခြမ်းသို့ ယမန်နေ့မှစတင်ဝင်ရောက်နေသည့် စစ်ကောင်စီစစ်ကြောင်းက နေအိမ်များကိုမီးရှို့နေသောကြောင့် ဒေသခံပြည်သူငါးထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဝိုင်းမော်တွင် စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်ပျက်ကျသည့်သတင်းမမှန်ကြောင်း KIO ပြော

စစ်ကောင်စီတပ်၏ Mi 35 ရဟတ်ယာဉ်တစ်စင်း ယမန်နေ့က ဝိုင်းမော်မြို့တွင် ပျက်ကျခဲ့သည်ဟူသော သတင်းမှာအမှားသာဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးတပ် (KIO) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ခါမ်းပတ်သို့ စစ်ကြောင်းထိုးထာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားသည်ဟုဆို

တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် ခမ်းပတ်မြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ထွက်ပြေးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်က လိုင်ဇာမြို့အနီးတဝိုက်ကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်

လိုင်ဇာမြို့အနီးတွင် ယနေ့နံနက် ၉ နာရီခန့်မှ စတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ လက်နက်ကြီးအပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

မိုင်ဂျာယန်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီးကြောင့် ကျောင်းသူနှစ်ဦးထိခိုက်ဒဏ်ရာရ

မိုင်ဂျာယာန်မြို့တွင် ယမန်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ချိန် ကျောင်းသူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေး စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်အဖွဲ့ တွေ့ဆုံမှုနဲ့ ရှမ်းမြောက်ရဲ့ တစ်ပါတ်တာတိုက်ပွဲအခြေအနေ

ကိုးကန့်ဒေသမှာ တိုက်ပွဲအနည်းငယ်လျော့နည်းသွားပေမဲ့ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ လားရှိုး စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

ဝိုင်းမော်မြို့နယ်က ပြည်သူ့စစ်စခန်းနှစ်ခုကို KIA တစ်ပြိုင်တည်း တိုက်ခိုက်

ဝိုင်းမော်မြို့နယ်မှ ဦးရွှေမင်းပြည်သူ့စစ်စခန်းနှင့် တာလောကြီးပြည်သူ့စစ်စခန်းနှစ်ခုကို ယနေ့ နံနက် ငါးနာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) က တစ်ပြိုင်တည်း သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က KIO ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့ကို လက်နက်ကြီးပစ်ခတ်၊ နေအိမ် အချို့ထိမှန်ဟုဆို

စစ်ကောင်စီတပ်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ၊ မိုင်ဂျာယန်မြို့ကို ယနေ့နေ့လယ် ၁၁ နာရီခန့်က လက်နက်ကြီးဖြင့် သုံးကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

မိုးညှင်း ရွှေပေါက်ကန်ရွာအနီးတွင် သတ်ဖြတ်ခံထားရသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ရွှေပေါက်ကန်ကျေးရွာအနီးတွင် ယမန်နေ့ည ရှစ်နာရီခွဲခန့်က ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေသော ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ့ရှိကြာင်းသိရသည်။

၁၀၅ မိုင်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်နေ

မူဆယ်မြို့၊ ၁၀၅ မိုင်တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦးအချို့ထိခိုက်ပျက်စီးမှုများရှိကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ‘ရွှေဖီဦး’ လက်ဖက်ခြောက်စက်ရုံကို TNLA သိမ်းပိုက်

စစ်ကောင်စီက တပ်စွဲထားသည့် နမ့်ဆန်မြို့ရှိ “ရွှေဖီဦး” လက်ဖက်ခြောက်စက်ရုံကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က သတင်းထုတ်ပြန်ထားသည်။

မော်လူးမြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး ABSDF ထုတ်ပြန်

အင်းတော်မြို့နယ်၊ မောလူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၄ ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က...