The 74 Media

ကချင်ပြည်နယ်ရဲ့ တစ်ပါတ်တာ တိုက်ပွဲသတင်း

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ပထမအပတ်ဟာ ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေ လိုင်ဇာမြို့ကိုကျော်ပြီး တရုတ်နိုင်ငံထဲ ကျရောက်ပေါက်ကွဲခဲ့တာတွေရှိသလို ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။  

ကျွန်းလှတွင် စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ခဲ့သဖြင့် စစ်ရှောင်ကားတစ်စီးမီးလောင်

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ လေးကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကျွန်းလှမြို့နယ်မှ ဒေသခံရှစ်ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင်များစီးနင်းလာသည့် တုန်ဟုန်ကားတစ်စီး လက်နက်ကြီးထိမှန်ခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားမြို့တွင် ဒဏ်ရာဒဏ်ချက်များဖြင့် သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့

ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတစ်ခုကို ယမန်နေ့ည ၅ နာရီခွဲခန့် မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်တွင်တွေ့ရှိခဲ့ကြောင်းသိရသည်။

ရဟတ်ယာဉ်ဖြင့်ပို့သည့် စစ်ကောင်စီစစ်ကူများကို TNLA ချေမှုန်းလိုက်သည်ဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့သို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့သည့် စစ်ကူများကို ယမန်နေ့က လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်များသိမ်းဆည်းရမိခဲ့ကြောင်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ယနေ့နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

မော်လူးမြို့ကို KIA နှင့်ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို အရှင်ဖမ်းမိ

အင်းတော်မြို့နယ်၊ မော်လူးမြို့ကို KIA နှင့်ပူးပေါင်းတပ်က ယနေ့ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

မိုးကောင်းတွင် ဆိုင်ကယ်စီးလာသည့်လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ပစ်ခတ်၊ တစ်ဦးသေဆုံး

မိုးကောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးကို ပစ်ခတ်ခဲ့သောကြောင့် တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးကိုဖမ်းဆီးသွားကြောင်းသိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပုလဲမြို့နယ်တွင် တစ်နှစ်သားအရွယ်ကလေးတစ်ဦးအပါအဝင် ငါးဦးသေဆုံး

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ယနေ့ နေ့လယ် ၁၂ နာရီခန့်က ပုလဲမြို့နယ်မှ NUG ၏ မြို့နယ်တရားရေးတာဝန်ခံအပါအဝင် ငါးဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တစ်ပါတ်အတွင်း စစ်ကောင်စီတပ်စခန်း ၂၀ ကျော်သိမ်းပိုက်ခံရ

တမူးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်အစပ် အောင်ဇေယျကျေးရွာက စစ်ကောင်စီပူးပေါင်းတပ်စခန်း၊ ပလက်ဝမြို့နယ်က နှုံးဘူးဗျူဟာကုန်းနဲ့ ထရွန်အိုင် ဗျူဟာကုန်း၊ လွိုင်ကော်မြို့က ပြည်နယ်ရဲစခန်း၊ မုန်းမြို့က စစ်ကောင်စီစခန်း ၅ ခုအပြင် ညီနောင်မဟာမိတ်အဖွဲ့က...

မြစ်ကြီးနားမှာ မိုဘိုင်းလ်အင်တာနက်လိုင်း ပြန်ရပြီ

မြစ်ကြီးနားမြို့တွင် ယနေ့ ညနေ ၄ နာရီခန့်မှစတင်ကာ မိုဘိုင်းလ်အင်တာနက်လိုင်းများ ပြန်လည်းရရှိပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ နှုံးဘူးဗျူဟာကုန်းကို AA တိုက်ခိုက်သိမ်းပိုက်

ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ “နှုံးဘူးဗျူဟာ” ကုန်းကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

တော်လှန်ရေးပူးပေါင်းတပ်တို့ သိမ်းပိုက်ထားသော ခမ်းပါတ်မြို့အနီးတွင် တိုက်ပွဲဖြစ်ပွားနေ၊ မြို့ကို ဆက်လက်ထိန်းထားနိုင်ဟုဆို

တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသည့် တမူးမြို့နယ် ခမ်းပါတ်မြို့အနီးတစ်ဝိုက်တွင် စစ်ကောင်စီစစ်ကြောင်းများဝင်ရောက်လာသောကြောင့် တိုက်ပွဲများဖြစ်ပွားနေကြောင်းသိရသည်။

ထီးချိုင့်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ၊ စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲ

ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်မှစတင်ကာ တိုက်ပွဲများပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။   မြတောင်ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့်နေရာ သုံးနေရာကို...