The 74 Media

မင်းအောင်လှိုင်ပြောတဲ့ နိုင်ငံရေးအရအဖြေရှာတယ်ဆိုတာ

စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီဇင်ဘာလ ၄ ရက်နေ့မှာပြုလုပ်တဲ့ စစ်ကောင်စီအစိုးရအဖွဲ့အစည်းအဝေးမှာ မိန့်ခွန်းပြောကြားခဲ့တယ်လို့ ဒီနေ့ထုတ်မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

စစ်သားအိုတွေကို သေတွင်းပို့နေတဲ့ စစ်ကောင်စီတပ်

ရန်ကုန်လို မြို့ကြီးတွေမှာ သံချပ်ကာကားတွေ၊ ခေတ်မီလက်နက်တွေ၊ လူငယ်တပ်သားတွေသုံးပြီး ဟန်ပြနေပေမဲ့ ရှေ့တန်းမှာ ဖမ်းဆီးခံနေရတဲ့ စစ်သုံ့ပန်းတွေကတော့ သက်ကြီးရွယ်အိုစစ်သားတွေပါ။  

“မင်းအောင်လှိုင်လက်အောက်မှာနေသရွေ့ အသေဆိုးနဲ့ သာမန်သေ နှစ်သေပဲ သေဖို့ရှိတဲ့အတွက်ကြောင့်…..”

ဗိုလ်ကြီးဟောင်း နေမျိုးဇင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လက်ရှိစစ်ကောင်စီတပ်ရဲ့အခြေအနေအရပ်ရပ်နဲ့ပတ်သက်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို The 74 Media က မေးမြန်းထားပါတယ်။

ပူတာအိုတွင် ကန့်ကွက်မှုများကြောင့် ရပ်နားထားသည့် ရွှေတူးဖော်မှုလုပ်ငန်းများ ပြန်လည်စတင်လာ

ပူတာအိုမြို့နယ်၊ မာမဲ့ရှီးဒီကျေးရွာအနီးတွင် နှစ်လခန့်ရပ်နားထားသည့် ရွှေတူးဖော်သည့် လုပ်ငန်းများမှာ ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းမှစတင်ကာ စက်ယန္တရားကြီးများဖြင့် ပြန်လည်လုပ်ကိုင်နေကြောင်း သိရသည်။

စစ်ကောင်စီရဲ ဒု-တပ်ကြပ်တစ်ဦးနှင့် ကျန်းမာရေးဝန်ထမ်းတစ်ဦး အလင်းဝင်

ကနီမြို့ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတပ်ကြပ်တစ်ဦးနှင့် မြို့နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတို့ လက်နက်၊ လူနာတင်ကားနှင့်အတူ ယင်းမာပင်ခရိုင် တပ်ရင်း – ၃၀ ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

မန်တုံမြို့နယ်က စစ်ကောင်စီတပ်စခန်းတစ်ခုကို TNLA တိုက်ခိုက်သိမ်းပိုက်

စစ်ကောင်စီ၏ မန်နား(ခိုမုန်း)တပ်စခန်းကို ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ လေးနာရီခွဲခန့်က တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန ယနေ့သတင်းထုတ်ပြန်ထားသည်။

ကျောက်မဲမြို့နှင့် မန်တုံမြို့နယ်တွင် စစ်ကောင်စီစခန်းနှစ်ခု ထပ်မံသိမ်းပိုက်ခံရ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)နှင့် မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့က ကျောက်မဲမြို့နယ်နှင့် မန်တုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ယမန်နေ့က ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

TNLA မိုင်းဆွဲတိုက်ခိုက်သဖြင့် နမ့်ခမ်းတွင် KIA တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး

နမ့်ခမ်းမြို့နယ်၊ ပန်ကနိုင်းကျေးရွာတွင် တ‌အာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က မိုင်းဆွဲတိုက်ခဲ့သောကြောင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

စစ်ဗျူဟာကျတဲ့ လောက်ကိုင်မြို့ပေါ်က စစ်ကောင်စီစခန်းကုန်းကို MNDAA တိုက်ခိုက်သိမ်းပိုက်

 MNDAA တပ်က လောက်ကိုင်မြို့ရဲ့ တောင်ဘက်အခြမ်းကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး မီရှင့်ကုတ်၊ နန်ထင်မိန်၊ ရန်လုံကျိုင့်နဲ့ တာရွှေထန် စတဲ့တပ်စခန်းလေးခုသာ ကျန်ရှိနေတော့တာပါ။  

ထွက်ပြေးစဉ် ပစ်ခတ်သတ်ဖြတ်ခံရသည့် စစ်ကောင်စီဗိုလ်မှူးချုပ်အလောင်းပြန်ပေးလိုသည်ဟု MNDAA ပြော

ကုန်းကြမ်းစခန်းသိမ်းစဉ်က ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းစဉ်သတ်ဖြတ်ခံရသည့် စစ်ကောင်စီဗိုလ်မှူးချုပ်တစ်ဦး၏ ရုပ်အလောင်းကို စစ်ကောင်စီထံသို့ ပြန်ပေးလိုသည်ဟု ကိုးကန့် (MNDAA) ပြောရေးဆိုခွင့်ရှိသူပြောကြောင်း သိရသည်။

ရွှေကူတွင် KIA ၏ ခွင့်ပြုချက်ဖြင့် ရွှေတူးဖော်မှုနှင့် သစ်ထုတ်လုပ်မှုများလာ

ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ ခွင့်ပြုချက်ရရှိထားသည်ဟုဆိုကာ ဒေသခံများကန့်ကွက်နေသည့်ကြားမှ ရွှေကူမြို့တွင် ရွှေတူးဖော်မှုနှင့် သစ်ထုတ်လုပ်မှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

မုံရွာတွင် စစ်ကောင်စီစခန်းတစ်ခုတိုက်ခိုက်ခံရပြီး သုံးဦးသေ၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိသည်ဟုဆို

မုံရွာမြို့နယ်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ကာကင်းစခန်းတစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။